Friday, March 5, 2010

မြတ်နိုးသူရဲ့ဆန္ဒ

အေးခဲနေတဲ့ ငါ့နှလုံးသားဟာ
မင်းနဲ့တွေ့မှ မီးတောင်တစ်လုံးလို
ပေါက်ကွဲခဲ့ရပါပြီ . . .

ညှို့ယူတတ်တဲ့
မင်းမျက်ဝန်းတစ်စုံကို
သိလျှက်နဲ့ ရှောင်ဖို့ မကြိုးစားမိတာ
မင်းကိုချစ်နေမိလို့ပါ . . .

အချစ်ဆိုတာ အဆန်းသားနော်
မျက်နှာများတယ် လှည့်စားတတ်တယ် ဆိုတဲ့
မိန်းကလေး တစ်ယောက်ကို
ရူးသွပ်စွာ စွဲလန်းမိနေတဲ့
ငါ့နှလုံးသားကို ငါကိုယ်တိုင်
အံ့သြမိပါတယ် . . .

တစ်ချိန်က
မာနကြီးတတ် ရက်စက်တတ်တဲ့
ငါ့နှလုံးသားဟာ အခု
မင်းရှေ့မှာ ဒူးထောက်နေရပြီ
မိန်းကလေးရယ် . . .

မျှော်လင့်ခြင်း များစွာနဲ့
ချစ်နေရသူ တစ်ယောက်ရဲ့
နှလုံးသားကို
မာယာတစ်စက်နဲ့ အဆိပ်မခတ်လိုက်ပါနဲ့ . . .

မဖြစ်နိုင်မှန်း သိလျှက်နဲ့
ရူးရူးမိုက်မိုက် တမ်းတနေမိမှန်း
ငါ့ကိုငါ သိပါတယ် . . .

အချစ်နဲ့ အသက်ဆက်နေရသူမို့
မျှော်လင့်ချက်တွေနဲ့ အတူ
ငါ့ရဲ့အချစ်ကမ္ဘာ လေးကို
ရှင်သန်ခွင့်ပေးပါ . . .

ငါ့ရဲ့နှလုံးသား တံတားလေးပေါ်မှာ
မင်းရဲ့ ကြင်နာမှုတွေကို
နွေးထွေးစွာ ထွေးပိုက်ပါရစေ . . .

တစ်ဦးနဲ့ တစ်ဦး
အသဲချင်း ဖလှယ်လို့
ချစ်စကားလှလှလေးတွေ ဒို့အတွက်
ရွေးချယ်ပေးနိုင်ပါစေ . . .

နင်မရှိရင် . . .



ကောင်မလေးရေ . . .
နင်ဟာ ငါ့ရဲ့
အထူးထုတ် စာအုပ်လေးပေါ့ . . .
နင်မရှိရင်
ငါလုပ်သမျှ အရာရာဟာ မှားယွင်းနေလိမ့်မယ် . . .

ကောင်မလေးရေ . . .
နင်ဟာငါ့ရဲ့
မိုက်ခရို ကော်ပီလေးပေါ့ . . .
နင်မရှိရင်
ငါကျရှုံး ရလိမ့်မယ် . . .

ကောင်မလေးရေ . . .
နင်ဟာ ငါ့ရဲ့
အရိုက်ကြမ်းတဲ့ ဆရာမလေးပေါ့ . . .
နင် စိတ်ဆိုးမှာ မုန်းမှာ
ငါ အရမ်း ကြောက်တယ် . . .

မျှော်လင့်ခွင့် . .



အရိုင်းပန်းလေးရယ် . . .

မေတ္တာတရားတွေနဲ့ သစ္စာထားချစ်တယ်ဆိုတာ
မင်းနဲ့ဝေးမှ ပိုလွမ်းမိတဲ့
ငါ့နှလုံးသားရဲ့ ဆန္ဒအမှန်ပါ
မင်းရဲ့ မဟူရာမျက်လုံးလေးနဲ့
သူဇာကညာ အပြုံးလေးတွေဟာ
ဒို့ဘ၀ မျှော်လင့်ချက် တွေရဲ့
ရှင်သန်မှု လေးတွေပါကွယ် . . .

လှိုင်းထန်တဲ့ သောင်စပ်မှာ
ပျိုမြစ်နုနယ် အရာမထင်သေးတဲ့
ငါ့နှလုံးသားကို အတောက်ပဆုံး
မျှော်လင့်အိမ်မက် အတွက်
ရှင်သန်ခွင့် ပေးပါလားကွယ် . . .

ချစ်သူကိုတမ်းတချင်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL9M_HteQF2hKnUZxVY6ZKD-4rspYelrKrDm_i-1c4vWvSWNcO725VFKfgzWDjn5yuN0hMX_c_3d0DG1XXgw-Ozo1UNfI8qmeJYHCWK3ZEJ1J1ASnWIi_KEDOqfzEuDTSpO1c5VHyf5ck/s320/chit+thu+tan+chin700.jpg

အဆိပ်မဲ့ အရိပ်သစ်ပင်

ရင်တွင်းကဗျာ





တစ်ယောက်တည်း နေပေမယ့်
တစ်ယောက်တည်း မဟုတ်ဘူး            
ရင်ထဲမှာတာနေတဲ့ 
နေရောင်ကမလှဘူး

သူ့မျက်ဝန်းတွေ
ဝင်လာကတည်းက
ကိုယ့်အိမ်မတ်က
ညနဲ့မဆံ့တော့ဘူး

သူ့အပြုံးရဲ့ဘာသာစကားကို
သူကိုယ်တိုင်းပဲလျှို့ဝှက်ထားတယ်

ကိုယ်ကလည်း
စကားလုံးတွေနဲ့
တိုးတိုးတိတ်တိတ်
ရင်ခုန်နေရတာကလွဲလို့
ဘာတတ်နိုင်မှာလဲကွာ

ကြယ်တွေခတဲ့ည




★ လွယ်အိပ်တင်နေကြ ပုခုံးထက်
    အေကေလွယ်တတ်ခဲ့တာ..။

★ လင်္ကာရွတ်ဖတ် နှုတ်ထွက်တွေလဲ
    ချိန်မှတ် ဘယ်ညာ ဘယ်ညာ...။

★ ကဲ
    ဖူးဖူးရွရွ နှလုံးသားတွေကရော
    သည်ကာလရဲ့ ညရောက်တိုင်း
    ကတ္တရာလမ်းပေါ်က
    ပိုင်ရှင်မဲ့ ဖိနပ်ဟောင်းတွေနဲ့
    အဖြူအစိမ်းတွေကိုပဲ..
    ထပ်တလဲလဲ မြင်ယောင်နေမိတာ။

★ ဒါတွေဟာ
    လင်းယုန်ကြီးပြောခဲ့သလို
    ခေတ်ကြီးကတင်ပေးလိုက်တဲ့
    တာဝန်တွေပေါ့။

★ ရဲရဲသာထမ်း
    နောက်မဆုတ်ကြစမ်းနဲ့
    ငါတို့နောက်မှာ....
    ငါတို့ရှေ့မှာ....
    ကြယ်ခတဲ့ညတွေ အသေအချာရှိနေတယ်။ ။

how do i love thee?

ကြယ်တစ်ပွင့်နှင့်တူသောချစ်သ


ညအချိန် ကောင်းကင်ယံအား အလွန်နှစ်သက်သည်။
ကျွန်တော်သည် ကြယ်ကိုချစ်၏
ထို့ အတူ ချစ်သူကိုလည်း ချစ်၏
ထို့ ကြောင့် ချစ်သူသည် ကျွန်တော့်အတွက်တော့
ကြယ်တစ်စင်းဖြစ်သည်။
အဘယ်ကြောင့် ဆိုသော် ကြယ်သည်
ကန္တာရတွင် လမ်းပျောက်သူအတွက်
အမှောင်တွင်လင်းသော မြေပုံဖြစ်၏
ချစ်သူသည်လည်း ကြေကွဲဖွယ်ဒဏ်ရာများနှင့်
အမှောင် လမ်းမှားလျှောက်မိနေချိန်တွင်
အလင်းသို့ လမ်းပြခေါ်ဆောင်ပေးခဲ့သည်။
ဒီအတွက် ချစ်သူအား ကျေးဇူးတင်မိ၏
ထို့ ပြင် သက်ထက်မက ပိုပင်ချစ်မိသည်။
ဒါကြောင့်
ကျွန်တော်ပြောတာပေါ့။
ချစ်သူကကြယ်တစ်စင်းပါလို့ ။
တင်စားမှုတိုင်းသည်သူ့ အကြောင်းနှင့်သူ ရှိကြသည်။

စိမ်းလန်းသောသစ္စာအိမ်ကြီး










" အပင်မှာ....သခင်လှရင်
ကျေနပ်ပါပြီ".....
ပင်ယံမှာ....သခင်စံဖို့
ရင်နံရံရဲ့ ဟိုဖက်ခြမ်းမှာ
လွမ်းနေပါ့မယ်"....

my love

my love

my love

Thursday, March 4, 2010

ယုံကြည်နေပါ

ငါရင်ထဲအချစ်တွေလည်း မင်းအတွက်တို့ဖြစ်နေခဲ့
မျှော်လင့်ခြင်းတို့ပျက်စီးကာ အရာရာဆိတ်သုဉ်းသွားပြီးပဲ
ကမ္ဘာတွေခြားလို့ဝေးနေလည်း ငါလေသတိရလွမ်းနေဆဲ
ဟိုအရင်အတိတ်တို့ပြန်မရနိုင် ဖြေသိပ့်ရင်းနဲ့တစ်ယောက်တည်းလွမ်းနေဆဲ
သိပ်ချစ်ခဲ့လည်းဝေးပြီ ယံကြည်နေပါကြင်နာသူရေ 
အရင်လိုနေ့ရက်အချိန်တိုင်းမှာ သိပ်ချစ်ခဲ့လို့မနိုင်တာနင်တစ်ယောက်တည်းပါ
ဖြူစင်နေတာ ကြင်နာသူရေ
ကိုယ်တိုင်းမင်းအနားရှိတိုင်းမှာ ပေးဆပ်ရင်းနဲ့လွမ်းနေတာကိုယ်တစ်ယောက်လည်းပါ
မင်းလေးကိုယ့်ဟာကိုယ့်အတွက်အလင်းရောင်လေး

take me you heart

Monday, March 1, 2010

ရင်ထဲကမမ

တွေးမှတ်မထင် တွေ့ ဆုံခဲ့ရ မအပေါ်တွင် ထိန်းချုပ်သည့်ကြား ရုန်းထွက်မရ ချစ်ခြင်းမေတ္တာ သံယောဇဉ်ကြိုး ခိုင်မာတွယ်ငြိ ချည်နှောင်မိပြန်သည်......။

Hello..........

နေ့တိုင်းနေ့တိုင်း ၈ နာရီဆို...နှိုးစက်လေးတိုင်းနှိုးနေကြလေ... ညတိုင်း ညတိုင်း ၁၂ ထိုးတိုင်း . Gtalk လေး က လွမ်းနေကြလေ..... On line တက်တိုင်း မြင်ချင်မိတာ မင်းရဲ့ Nick လေး မမြင်ရရင် စိတ်ထဲနွမ်းလျ မှိုင်တွေမိကာ.... မင်းရဲ့ Nick လေး တက်ကာလာမှ မြူးထူးပျော်ရွှင် ကျေနပ်မိ၏ ကားရုံလေးနဲ့ တုန်လှုပ်နေမိ မင်းရဲ့ သံလေး ကြားချင်နေမိ အမြဲမဟုတ်တောင်မှ..... On line လေးကို............

ချစ်အိမ်မက်....

အချစ်စစ်ဖြစ်ခဲ့ကြလည်း တံတိုင်းတွေခြားထားနှင့်ခဲ့ ဂှူံးနိမ့်မယ်လို့ကြိုသိထားလည်း သွေးပျက်မတတ်ချစ်ခဲ့မိတရ်.... ရင်ထဲမှာတော့.... ပေါက်ကွဲနေတဲ့မှန်စတစ စူးနစ်နေသလို တဆစ်ဆစ်နာကျင်နေတရ် မဖြစ်နိုင်ဘူးဆိုတဲ့ အသိနဲ့ မှတ်ဥာဏ်ကို Focus ချိန် တဖြည်းဖြည်းကြည်လင်ပြတ်သားသည်အထိ... တကယ်တော့လည်း....မင်းနဲ့ငါက ဘယ်လိုမှ ပေါင်းစပ်ခွင့်မရှိတဲ့ မျဉ်းပြိုင်လေး နှစ်ကြောင်းပေါ့ ....။။

ချစ်အရိပ်လေး...........

ညလေးတွေမှာအနားလေးမှာရှိနေသလိုတီးတိုးဖော်တိုင်ပင်ဘက်အမြဲလိုရှိနေတတ်တာချစ်တဲ့အရိပ်လေးပါဘဲ...၀မ်းနည်းကြေ ကွဲရင်...ဖျောင်းဖျနှစ်သိမ့်တတ်သလိုပျော်ရွှင်မှူများကိုမျှသေခံစားတဲ့အရိပ်လေးပါဘဲ.အရိပ်လေးရယ်...တစုံတခုကိုခံစားမိတိုင်း သတိရတမ်းတမိတာမင်းလေးပါဘဲ...မင်းလေးရဲ့ထူးထူးခြားခြားရယ်သံမြူးမြူးလေးလေးကကိုယ့်နှလုံးသားလေးကိုပျော်ရွှင်စေ တယ်။မင်းလေးနဲ့ငြင်းခုံခဲ့ဖူးတာ...အချစ်“ ဆိုတဲ့ဝေါဟာရအကြောင်းပါဘဲ။“အချစ်ဆိုတာနဲ့မရင်းနှီးသေးဘူးတဲ့မင်းအတွက်... တခါတရံမှာ အချစ်ဆိုတာသူဟာသူတည်ရှိနေတဲ့အရာကိုလူတွေရဲ့အမျိုးမျိုးသောယူဆချက်လေးတွေကိုခွဲခြမ်းစိတ်ဖြာပြလိုက်တာ မင်းလေးဖတ်ဖူးတဲ့စာအုပ်တွေကအတိုင်းပေါ့။တခါတရံ..ကလေးလေးလိုနေချင်တယ်။တခါတရံ...ဆရာကြီးလေသံလေးနဲ့ ဘယ် အရာကဘာဖြစ်တယ်ဆိုတာမျိုးသေချာရှင်းပြပြန်ရော....။မင်းလေးရဲ့ထူးခြားမှူက...ရယ်သံမြူးမြူးလေးရယ် ဖြူစင်တဲ့စိတ်လေး ရယ် နားလည်စာနာတတ်မှူရယ်.......အဲဒါလေးတွေကို....သဘောကျတာ...။။။ “အချစ် ဆိုတာ...ကိုယ်သိတာ...ချစ်သူဆိုတာအလွန်ကျယ်ပြန်တယ်။ချစ်သူအမျိုးအစားများစွာရှိတယ်...ခံစားမှူအသိအမြင် အတွေးကျယ်သလောက်ချစ်သူအမျိုးအစားကျယ်တယ်။ချစ်သူအမျိုးအစားများစွာထဲမှကိုယ်အလေးစားဆုံးတန်ဖိုးထားဆုံး တန်ဖိုးထားဆုံးချစ်သူအမျိုးစားကသူရဲ့ကောင်းကျိုးချမ်းသာကိုကိုယ်ကလိုလားတယ်...သူ့ရဲ့ကောင်းကျိုးကိုကိုယ်ကဆောင်ရွက် ပေးချင်တယ်။ကိုယ့်ကြောင့်ဆိုးကျိုးမဖြစ်ထွန်းအောင်ကိုယ်ကစောင့်ထိန်းပေးတယ်သူပျော်လျှင်အတူလိုက်ပျော်ပေးချင်သည်။ သူဝမ်းနည်းလျှင်လိုက်ဝမ်းနည်းပေးသည်။လူသားချင်းအပြန်အလှန်အသက်ဝင်နေတဲ့ချစ်သူအမျိုးအစားကိုနှစ်သက်တာ..... အရိပ်လေးရဲ့......... ဒါတွေကို နှစ်သက်မြတ်နိုးတဲ့ကိုယ်အဖို့ကတော့...မင်းဘက်ကရင်ဖွင့်ကြိုနေလည်းဝင်ခွင့်မရှိသူကကိုယ်ပါ။မင်းလေးပေးတဲ့ အိမ်မက်ဆို....မက်ဖို့အသင့်ရှိပေမဲ့ မက်ခွင့်မရှိသူပါ။အဝေးဆုံးမှ.....အဝေးဆုံးသို့ ဝေးနေကြတယ်လေ....(အနေအထားအား လုံးပေါ့) သစ်ရွက်ကြွေတာတောင်လွမ်းတတ်သူမို့...ချစ်မိသူဆိုတာ..အမြဲစစ်ရှူံးတဲ့သူလိုပါဘဲ....နမ်းခွင့်မရပေမဲ့...လွမ်းခွင့်ရ ချင်သေးတယ်။ဒြပ်နှလုံးသားရဲ့နံရံသာဆို....ကိုယ်ဖြိုချင်ပါတယ်.....ယုံချင်မှယုံပါ....ဘာပဲဖြစ်ဖြစ်..မင်းလေးကို.......... “ချစ်တရ်“.....................

နတ်သမီးအတွက်ကဗျာ

မိုင်တွေမိုင်တွေ

ငါတို့ကြားမှာ

မိုင်တွေဝေးကြပေါ့ ခလေးရေ..။

ထိမ်းထိမ်းသိမ်းသိမ်းလေး

ငါ့မှာကြေကွဲနေရ

သိုသိုသိပ်သိပ်လေး

ငါ့မှာနာကျင်နေရ

တို့ တွေ ခြားနားခဲ့ကြတယ်။

အချစ်ဆိုတာလိုက်ရင်ပြေးတယ်

အချစ်ဆိုတာပြေးရင်လိုက်တယ်

ငါ့်ကိုချစ်လို့များ ထွက်ပြေးနေရော့။

လွမ်းနေတာတွေ ချရေးလိုက်ဖို့

ဒီကဗျာကို စတင်ခဲ့တယ်။

မင်းမဖတ်ပေမယ့်

ဒါကို ငါစပ်တယ်။

စောင့်မျှော်ခြင်းတွေသာ

မီးကျွမ်းလု

လည်ပင်းထိဝါးမျိုထားတဲ့အလွမ်းနဲ့

အအိပ်ပျက် ကျွံကျနေတဲ့မျက်တွင်းတစ်စုံနဲ့

ရောက်မလာတဲ့ရထားကို

ရပ်စောင့်မိတဲ့ သူရှုးတစ်ယေက်လို

နာရီတွေကိုအတိုင်းသား ငေးမောကြည့်နေရ။

ဟော့ဒီ့သတင်းခေတ်ကြီးထဲ

ငါတို့ဝေးနေကြတာအံ့သြစရာ။

တို့နှစ်ယောက်ကြားမှာမှ ကမ္ဘာကြီးကလာခြားနား

အရပ်ရှစ်မျက်နှာ

ဆက်သွယ်ရေးကွန်ယက်တွေကြား

အလွမ်းကို ဆိုမြည်တမ်းတလိုက်ဖို့

ဖုန်းနံပါတ်ကလေး တစ်ခုတစ်လေ

ဘာလို့ မရှိခဲ့တာလဲ။ ။

ပင်လယ်ဟောင်းရဲ့နောက်ဆုံးလွမ်းချင်း ( ၁ ) . . . တစ်ခါ တစ်ခါ လေနီကြမ်းတွေက အညာကို လွမ်းစရာပေ . . . ရှားစောင်းပြဿဒ် ထန်းပင်တွေ မတ်တပ်နဲ့ ဗီတာမင် ပြတ်နေတဲ့ ရွာတွေဟာ ခုချိန်ဆို တိမ်ညိုတွေကို မျှော်နေရာပေါ့ ။ " မိုးရွာရင်နော်ဗျာ ပျိုးတွေကိုလဲ ကျဲကြပြန်သေးတာ " အဲဒီသီချင်းထဲ ရွှေမိုးညို စိုစေချင်ပြီး ။ နေ၀င်ရိုးရီ ၀င်ရိုးသံ တစ်အီအီနဲ့ ရွာဆီပြန်လာတဲ့ လှည်းသံ ကျွန်တော့်ရင်ကို လာမှန်တဲ့ ပန်ချီကားပေါ့ . . . . ။ တစ်ချိန်က အဲဒီလို ကျေးလက်ကို ဖွဲဆိုသူလေ ကျေးလက်ရေ . . . ငါ့ကို ဘယ်လိုများဖွဲဆိုလေမလဲ . . . ။ ဒဏ်ရာတွေသာများပြီး မြှားချက်တွေ မတားဆီးနိုင်သူလို့ ဆိုချင်ဆိုပါလေ . . . . ။ မကျည်းရိပ် ညိုညိုမှာ ဧရာဝတီကို ချွေးသိပ်ဖို့ နှစ်မချို့သေးတဲ့ အိမ်မက်တွေနဲ့ အညာလွမ်းချင်း တစ်စ သီခဲ့ရပေါ့ . . . . . ။ ( ၂ ) . . . လေနီကြမ်းရေ . . . လွမ်းမဲ့ လွမ်းတော့လည်း ခေတ်တစ်ခေတ်လုံး တမ်းတမဆုံးသူ ရာဇ၀င်ကို ထမ်းပြီး ဝေဒနညတွေ လောင်ကျွမ်းခဲ့သူ ယုံကြည်ချက် တွင်းနက်ကြီးထဲမှာ ဘ၀ကို စီးဝင်ခဲ့သူ အိမ်မက်ကို ဖွင့်ပြီး အမာရွတ်တွေ ရွတ်လွင့်ဖို့ ထီးဟန် နန်းဟန်နဲ့ အကြီးမြန်တဲ့ မြို့ကို ပြန်ရမယ်ပေါ့ . . . ။ ကမ်းကနေ ခွါခဲ့တဲ့ ခရီးတစ်ခုပါ ဆယ်စုနှစ် တစ်ခု ကြာခဲ့ ( ဒါ့ထက် ကြာချင်လဲ ကြာမယ် ) ဘ၀တကွေ့လို့ ဆိုပေမဲ့ ခဏ မေ့သွားရင်တောင်မှ ထာဝရ တွေ့ခဲ့သူတွေကို အားနာရမှာ . . . ။ မှတ်မှတ်ရရ နေ့တွေမှာဆို ရင်ခုံသံအပို တစ်ခုနဲ့ ဘ၀ကို ထုဆစ်နေဖြစ်မှာ . . .။ တစ်ခါကဆိုတဲ့ ပင်လယ်မှာ စိတ်ကူးလေးတွေ ဆယ်ဖြစ်တိုင်း မျက်ရည်ဝိုင်းလာတတ်သူကို သူတို့ သိမှမဟုတ်ဘူး . . . ။ ရေရိုင်း မြေရိုင်းရဲ့ ပန်းရိုင်း အပွင့်တွေရေ . . . အပြန်ခက်သူရဲ့ အဆန်တက်မယ့် ခရီးမှာ ကျန်ရစ်ခဲ့သူလို့ နားလည် ပစ်ရတာလဲ ဝေဒနာ . . . ။ ခေတ်တစ်ခေတ်ရဲ့ အစွန့်ပစ်ခံတွေ မဟုတ်ကြဘူး . . ရာစုသစ်ရဲ့ ဗိသုကာတွေ ကာလကို ဘ၀နဲ့ ဆေးသားတင်ကြရင်း ဆိတ်ဖလူး လွင်ပြင်မှာ . . . ။ ယုံကြည်နေတုန်းပဲ လတ်လတ်ဆတ်ဆတ် သက်ရှိ ဒိုင်ယာရီတွေပါ အနာဂတ်မပါပဲ သွေးမခုန်ခဲ့ဘူးဆိုတာ ခင်ဗျားတို့ ကြုံခဲ့ဖူးမှာ မဟုတ်ဘူး . . . ။ ( ၃ ) . . . အိုလေနီကြမ်းရဲ့ တ၀ဲဝဲဖွဲ့ ခနောင်း ကြလဲတွေနဲ့ ခပ်ယဲ့ယဲ့ ဖြတ်သန်းခြင်း နေ့နေ့ ညည မှာ " ဘယ်တော့များမှ " တွေ တဖွဲ့ဖွဲ့ ကြွေခဲ့ပေါ့ . . . ။ ငွေနှင်းဝေတဲ့ တစ်မနက်ခင်းမှာ မိတ်ဆွေတစ်ယောက်က နောက်တယ် သိက္ခာထပ်ကြသူတွေနဲ့ ၀ါဆိုခဲ့ဖူးသူတို့ အတွက် ကောင်းကင်ရဲ့ ဈာပနဟာ တယ်ပြီး စည်းကားလှပါလားတဲ့ . . . ။ ပေါ့ပေါ့ပါးပါးပဲ ပြောရရင် အင်းစိန်တောရနဲ့ မင်းကြီးညို မွေတဲ့ အရပ်မှာ ကျနော် ၀ါဆို ခဲ့ဖူးသူပါ . . . ။ အက်ဒ၀ပ်မန့်ခ်ျ ရဲ့ " အော်သံ " ထက်ပြင်းထန်တဲ့ လှိုင်းတွေ နံရံမှာ အကြိမ်ကြိမ် ရိုက်ခတ်နေတာ ကျွန်တော် ကြားခဲ့ဖူးတယ် . . . အဲဒီလို ကျိမ်စာတွေနဲ့ ကျွန်တော် ဖျားနာခဲ့ဖူးတယ် . . . ။ နာမကျန်းတဲ့ နှင်းဆီတို့ရေ တောင်ပံ အစုံစုံရဲ့ ရွှေရောင်လွှမ်းတဲ့ အရပ်မှာ ကျွန်တော်ဟာ ဖြတ်သွားဖြတ်လာမျှသာ . . . ။ ဝေးဝေးကွာကွာ နီးကပ်သူများနဲ့ နီးနီးကပ်ကပ် ဝေးကွာ သူတို့ကြားမှာ အမှားပြင်ဆင်ချက် ခပ်များများနဲ့ မှင်နီ ခဏခဏ တားခံရသူ . . . ။ တဘ၀လုံး ပေးသွားသူတွေနဲ့ တဘ၀စာ ရရှိသွားသူတွေရဲ့ လမ်းဆုံတစ်ခု ကို ရုပ်ရှင်တစ်ခုလို ထိုင်ကြည့်ခဲ့သူ . . . ။ အဲဒီလိုလူရဲ့ အပြန်လမ်းဟာ တငွေ့ငွေ့ ခမ်းသွားတဲ့ မှတ်တမ်းတစ်ခုလို ငြီးငွေ့ဖွယ် ဇတ်ဝင်ခန်း ဖြစ်ချင်ဖြစ်နေမှာပေါ့ . . . ။ ရာဇ၀င်သစ်ကို ရေးလိုသူတွေရဲ့ ချောင်ကျကျ စားပွဲမှာ ကျွန်တော့်ကို လာရှာရင် မျက်နှာများတဲ့ သိုးမည်းတစ်ကောင်အဖြစ် ကြယ်တွေကို ချစ်နေတာ တွေ့ရလိမ့်မယ် . . . ။ ( ၄ ) . . . အခုဆို လေနီကြမ်းရေ သမုဒယတွေ ပိုးထိုးခံရတဲ့ အမေရဲ့ ဒုက္ခအိုးလေး ကိုယ်နိုင်သမျှကို ထမ်းပြီး ကိုယ့်လမ်းကို ဆန်ရဦးမယ် . . . ။ ဘာသာပြန်ရခက်သူ အဖြစ် လောကကြီးရေ ကြိုနှင့်ပေတော့ . . . ။ ညီအကို မသိတသိ ကောင်းကင်ရဲ့ ကြိုးညှိခံထားရတဲ့ ရာသီမှာ ငါ့ကို လက်ကျန် စာရွတ်တစ်ရွတ် အဖြစ် ဆုတ်ဖြဲပစ်လိုက်ပါ . . . ။ ဈေးတွက် တွက်နေတဲ့ ယဉ်ကျေးမှု ဈေးကွက်ကြီးထဲမှာ ဖောင်ဖျက်ခဲ့သူတို့ ဦးညွတ်ပါရစေ . . ။ ဗိုင်းငင်ဖို့ရာ လသာမှ တဲ့လား . . . ။ မိုးခါးရေ သောက်ပြီး အမောက်ထောင်ကြသူတွေ နန်းတက်လေမလား ငြမ်းဖျက်လေမလား ကမ်းလက်တွေရဲ့ မှာခြွေစကားကို မနက်ဖြန်အထိ အထားခံရင် တော်လှပြီးပေါ့ . . . ။ ခပ်လွမ်းလွမ်း ရှိခဲ့ရင် လွင်ပြင်တွေ ဆိပ်ကမ်းတွေ ချိုင့်ဝှမ်းတွေ ( ပန်းခြံတွေလည်း ဖြစ်ချင်ဖြစ်မယ် ) မြို့ကြီးရဲ့ မြူဆွယ်တာ ခံလိုက်ရတဲ့ လမ်းမတွေ အဟောင်းပုံထဲက အဖိုးတန်တဲ့ လက်ခုပ်သံတွေ ကော်ဖီဆိုင်ထဲ နစ်နေတဲ့ ရွှေဖြစ် ငွေဖြစ် အသံတွေကြားမှာ အမည်မသိတဲ့ ပီတိလေးများ ရှိလေမလားလို့ မြွေစွယ်ကျိုး စိတ်မျိုးနဲ့ တောတိုးကြည့်မယ် . . . ။
ကဗျာကမ်းနဖူးမှာ ယဉ်ယဉ်လေးရှုးနေတဲ့ အလွမ်းရှုး အမြဲရွဲ့နေတဲ့ကောင် ဘယ်သူ့စကားမှလည်း နားမထောင်ချင်ဘူး.. အမြဲစောင်းနေတဲ့ကောင် ဘယ်သူအချိုးချချ ကိုယ်က တည့်တည့်နေမပြချင်ဘူး… ဘယ်ခွက်ထဲထည့်ထည့် ကိုယ့်ပုံစံကလွဲပြီး ဘယ်ပုံစံမှမထွက်ဘူး ဘယ်ပေတံနဲ့တိုင်းတိုင်း ကိုယ်က ခပ်ရိုင်းရိုင်းပဲ ယဉ်ကျေးတတ်တယ်…. အရာရာကို အကောင်းမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက် နဲနဲတော့ ခက်နေသေးတယ် တချို့အရာတွေကို အဆိုးမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက် နဲနဲတော့ လွယ်ကူခဲ့တယ်…. ဘယ်သူသဘောတူတူ မတူတူ ကိုယ့်အယူနဲ့ကိုယ် ကွဲလွဲစွာနေထိုင်တယ် လွဲမှားတယ်ပဲပြောပြော ကိုယ့်သဘောနဲ့ကိုယ် ဘဝကို ဂျစ်ပစီတကောင်လိုကျင့်ခဲ့ပြီး စိတ်တွေကို ဂျစ်ပစီတကောင်လိုလွှင့်ခဲ့တယ်…. ဟန်ဆောင်နေရမှ အချိုးလှနေတတ်တဲ့ လူ့အသိုင်းအဝိုင်းထဲမှာ ကိုယ်က အရိုင်းကျောက်ခဲတလုံး ဘယ်သူသုံးသုံး မသုံးသုံး ကိုယ့်နှလုံးနဲ့ကိုယ် ကိုယ့်ထုံးကိုယ်မူတယ်…. လူရယ်လို့ဖြစ်လာကတည်းက ကိုယ်က အားနည်းတဲ့ဘက်မှာ နေသားကျခဲ့တယ် လက်ဖဝါးနှစ်ဖက်နဲ့ ရုံပွဲမကြည့်တတ်ပေမယ့် နှလုံးသားတစုံနဲ့တော့ အားနည်းသူကို ဝိုင်းကူရင်ခုန်ပေးတတ်ခဲ့ပါတယ်… ဘာရယ်မဟုတ်ပါဘူး လူတိုင်းသုံးဖူးတဲ့ လက်သုံးစကား လူတိုင်းလည်း ကြားဖူးမှာပေါ့ လူတိုင်း တယောက်တနေရာ သူ့အထာနဲ့သူ ရူးသွပ်နေကြတယ်ဆိုတာ….... ဒီတော့ ကိုယ်လည်း ကိုယ့်ရုးသွပ်မှုနဲ့ကိုယ် ကိုယ့်မာနအိုအိုတွေအပေါ် တွဲခိုနေပျော်ရုံလောက်ပါ တချို့တဏှာရူး တချို့အချစ်ရူး တချို့အာဏာရူး တချို့ဥစ္စာရူး တချို့ဘဝင်ရူး တချို့….ရူး တဒေါင့်တနေရာစီရူးနေကြတဲ့ အရူးလောကမှာ ကိုယ်က တမျိုးတဘာသာ ခပ်ဆန်းဆန်း ကိုယ့်အမြင်ခပ်ကြမ်းကြမ်းတွေပေါ်မှာ တစုံတရာကို ယဉ်ယဉ်လေး လွမ်းနေတတ်တဲ့ကောင် ကဗျာကမ်းနဖူးမှာ တောင်တောင်မြောက်မြောက်တွေးရင်း ယဉ်ယဉ်လေးရူးနေတဲ့ အလွမ်းရူး…………………………….။
အံကြိတ်လိုက်တဲ့ ငါတစ်ယောက်တည်းရဲ့ မိုးချုန်းသံမှာ ကဗျာမှထွတ်မလာရင် အသက်ရှင်ခြင်းတရားကို ငါသတ်မိလိမ့်မယ် " " " ဖော်ဝေး " " " @@@@@@@@@@@@@@@@@@@@@ င့ါကောင်းကင်မှာ နက္ခတ်တွေကြမ်းပြီး ငါ့ လမ်းက တောင်ပြိုနေတယ် ငါ့နောက်ကို ဘယ်သူမှမလိုက်နဲ့ ဖြစ်နိုင်ရင် ငါ့အရိပ်တောင် ငါ့နောက်ကို မလိုက်နဲ့ " " " တာရာမင်းဝေ " " " @@@@@@@@@@@@@@@@@@@@@
အောင်ချိမ့်ကြီးက ကဗျာ ဆရာ တွေကို . . . သေနတ် နဲ့ ပစ်ချ လိုက်တယ် ( သူ ပစ် တာ ရေသေနတ် နဲ့ ) ကဗျာ ဆရာ တွေ အားလုံး အိုက်တင် အမျိုးမျိုးနဲ့ . . လဲကျ သွားတယ် ။ ခဏကြာတော့ . . တဟားဟား ရယ်ပြီး . . . အားလုံး ပြန်ထလာ ကြတယ်။ ကဗျာဆရာဆို တာဘယ်တော့မှ သေမသွားဘူး ” . . .
! ! ! ! ! ! ! ! လတ်တလောအခြေအနေ ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ငါ့ရဲ့ ရွှေအိပ်မက်ကို ခြေကျင်းတွေလို ခွဲစိပ်ဝတ်ဆင်ထားတဲ့မိန်းမ မြူခိုးနီညိုတွေကြားမှာ စပယ်ကပိုကရိုနဲ့ ... လှလို့။ ငါ .. တစ်ပွင့်ပြီးတစ်ပွင့်ပြိုလဲ နှင်း အဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့ ။ ။
အဆုံးသက်မှားတဲ့ကဗျာ တဖျတ်ဖျတ် လင်းလက်နေတယ် ထင်ရပေမဲ့ . . . . အထပ်ထပ် နစ်လာနေတဲ့ ဘ . . ၀ . . . . ရှေ့တစ်လှမ်း တိုးချင်နေမဲ့ နောက်တစ်လှမ်း ဆုတ်မိနေသလို ငါ့ရေးတဲ့ ငါ့သမိုင်းကလဲ နက်သထက် နက်မှောင်နေဆဲ . . . . . . . . . . ပြောနေကြတယ် . . . . စကားတွေ . . . . ငါမသိဘူး . . . . ကြားနေရတယ် . . . . အသံတွေ . . . . ငါမသိဘူး . . . . မြင်နေရတယ် . . . . မမြင်ဖူးတာတွေ . . . . ငါမသိဘူး . . . . ငါရေးနေတဲ့ ငါ့သမိုင်းထဲမှာလည်း မသိတာတွေနဲ့ပဲ မသိသလိုနေရဦးမှာပေါ့ . . . . . . . . . . . သေသေသပ်သပ် တွန်းပို့ခံလိုက်ရတဲ့ အနာဂတ် လက်ကျန်တပိုင်းတစမှာ ဒုက္ခတွေက လိပ်စာမမူပဲရောက်လာတယ် ငါကိုယ်တိုင် လိပ်တဲ့ ထမင်းလိပ်က ငါ့ကို ပြန်လိပ်နေလို့ ငါရေးတဲ့ ငါ့သမိုင်းထဲမှာလည်း ငါကိုယ်တိုင် လှိမ့်နေရဆဲပါပဲ. . . . . . . . . . . . . နိဒါန်းဆွဲထုတ်မရတဲ့ နိဂုံး အဓိပ္ပါယ်ဆက်မရတဲ့ စကားလုံး အဆုံးသတ်မှာ တွေဝေနေတဲ့ သတ်ပုံမှား ကဗျာတစ်ပုဒ်လို ငါရေးနေတဲ့ ငါ့သမိုင်းကလဲေ၀၀ါးလွဲမှား နေဆဲ . . . . . . . . . . . .
ဟေး...................ငါ့ဘဝ

ငါဘ၀ကဘာမှာလဲ

ငါဘယ်လိုရှင်သန်ရမလဲ

ငါဘယ်လိုနေထိုင်ရမလဲ

ရှင်သန်ခြင်းကိုပြောပြပေးပါ

ရှင်သန်မှုကဒိတ်ပယ်ရှိလား

ပျော်ရွှင်မှုကိုဘယ်လိုရှာမလဲ

ပြောပြပေးပါ ချစ်သူ

မြန်မာဟူသည် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ နှောင်းမူညောင်ရမ်း၊ ကုန်းဘောင်နန်းတိုင် တင့်လျှမ်းဝေစည်၊ မင်းနေပြည်နှင့် နေခြည်လင်းဖြာ၊ သာသနာနှင့် လယ်ယာဆည်မြောင်း၊ ရေမြေကောင်းနှင့် သောင်းတိုက်လွှမ်းကျော်၊ အောင်တပ်တော်နှင့် ဆီသော်ရေချိုး၊ ဆေးရိုးမီးလှုံ တောင်ပုံစပါး၊ ကြွယ်ဝပွားလျက် တင့်ကြွားဟန်ချီ၊ နွယ်သာကီ။ ။ ဇာတိပုည ၊ ဂုဏ်မာနနှင့် တက်ကြွညီညာ ၊ ထက်သန်စွာလျှင် စဉ်လာမညှိုး ၊ ဂုဏ်သိမ်တိုးလျက် တန်ခိုးဘုန်းသစ်၊ ထောင်ချီနှစ်တိုင် ကျစ်လစ်ခိုင်ကျည် ၊ နွယ်သာကီ။ ။ တစ်ကွေ့တစ်ကြိမ် မှေးမှိန်စွန်းညစ်၊ သူ့ကျွန်ဖြစ်လည်း နွံနစ်မခံ၊ တွန်းတော်လှန်လျက် မျိုးမာန်စွမ်းစ၊ သိအောင်ပြခဲ့ အာဂဇာနည်၊ နွယ်သာကီ။ ။ အမျိုးဘာသာ၊ သာသနာနှင့် ရိုးရာထုံးစံ၊ ကောင်းမွေခံလျက် မြန်မာဟူငြား၊ ကမ္ဘာကြွားမျှ လေးစားဂုဏ်မြောက်၊ အံ့ချီးလောက်သည့်။ ထွန်းတောက် အဓွန့်ရှည်၊ နွယ်သာကီ။ ။ ပြည်၏အကျိုး၊ အမျိုးသိက္ခာ သာသနာကျေးဇူး၊ အထူးထူးကို ရည်စူးနှင်းအပ်၊ ကျေပွန်လတ်သည့် သားမြတ်သားကောင်း၊ သူရဲကောင်းတို့ ထောင်သောင်းသိန်းသန်း၊ လက်ဆင့်ကမ်းလျက် ကြိုးစားပေးဆပ်၊ အသက်ထပ်၍ စောင့်ကြပ်ကွယ်ကာ၊ ထိန်းသိမ်းလာခဲ့ တို့ရွာ ဒို့တိုင်း ဒို့သမိုင်းကို မရိုင်းစေရေး၊ ညီညွတ်သွေးဖြင့် ရေးဖွဲ့မော်ကွန်း၊ သိစေညွှန်းအံ့ ကျွန်းဇဗ္ဗူဒီပါ၊ တောင်လက်ျာဝယ် သြဘာနိမိတ်၊ အောင်အတိတ်နှင့် အောင်ဟိတ်ဝေဖြာ၊ ထင်ရှားပါသည်။ မြန်မာဟူသည် နွယ်သာကီ။ ဇာတိစဉ်လာ ဂုဏ်တင့်ချီ။ ကမ္ဘာတည်မည့် မျိုးဂုဏ်ရည်။ ။
စာရေးသူ၏အမြင်ပည်သူကို မည်သူချစ်သနည်း? မည်သူက ပြည်သူ့များနေထိုင်ရာ တိုင်းနိုင်ငံကြီးကို ဖြိုခွဲနေသလဲ? ကျွန်ုပ်တို့ တိုင်းပြည်ကြီး ပြိုကွဲရန်လုပ်ဖို့ အလွယ်လေး-- သို့သော် ---- ဥမကွဲ သိုက်မပျက် ပြန်လည် တည်ဆောက်ရေး အတွက်ဆိုရင် အချိန်များစွာ လိုမည်-- ထို့ကြောင့် တိုင်းပြည် မပြိုကွဲရေး အတွက် ၀ိုင်းဝန်း လုပ်ကိုင်ကြဖို့ ပြည်တွင်း/ပ မှ နိုင်ငံချစ်သူများ၏ တာဝန်သာ ဖြစ်ပါသည်။
စာရေးသူ၏အမြင်ပည်သူကို မည်သူချစ်သနည်း? မည်သူက ပြည်သူ့များနေထိုင်ရာ တိုင်းနိုင်ငံကြီးကို ဖြိုခွဲနေသလဲ? ကျွန်ုပ်တို့ တိုင်းပြည်ကြီး ပြိုကွဲရန်လုပ်ဖို့ အလွယ်လေး-- သို့သော် ---- ဥမကွဲ သိုက်မပျက် ပြန်လည် တည်ဆောက်ရေး အတွက်ဆိုရင် အချိန်များစွာ လိုမည်-- ထို့ကြောင့် တိုင်းပြည် မပြိုကွဲရေး အတွက် ၀ိုင်းဝန်း လုပ်ကိုင်ကြဖို့ ပြည်တွင်း/ပ မှ နိုင်ငံချစ်သူများ၏ တာဝန်သာ ဖြစ်ပါသည်။

စစ်

စစ်ဖြစ်လျင် သခင်မဲ့သော အိမ်နှင့် အိမ်မရှိသောသခင်ကို တွေ့မည်။ စစ်ဖြစ်လျင် ခင်ပွန်းမရှိသော ဇနီးနှင့် ဇနီးမရှိသော ခင်ပွန်းကို တွေ့မည်။ စစ်ဖြစ်လျင် အဖေမရှိသောသားနှင့် သားမရှိသော အဖေကိုတွေ့မည်။ စစ်ဖြစ်လျင် ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့် ခန္ဓာကိုယ်မရှိသော ခြေထောက်ကိုတွေ့မည်။ စစ်ဖြစ်လျင် ကျွဲနွားမရှိသော စားကျက်နှင့် စားကျက်မရှိသော ကျွဲနွားတို့ကိုတွေ့မည်။ စစ်ဖြစ်လျင် ယမ်းငွေ့တွေဝေ၍ ကပ်ရောဂါများနှင့် ၀မ်းနည်းကြေကွဲမှုကို ကြုံမည်။ ငါတို့ စစ်ကို နှိပ်ကွပ်ကြပါစို့။ ငါတို့ စစ်ကို မဖြစ်ကြပါစို့။ ။

”ကျီးမိုက်လို လူစားများ”

အဟောင်းအသစ်တွေကြားမှာ

ဒေါင်းအစစ်ဖြစ်ကြောင်း

အသံကောင်းဟစ်နေ

မဖြစ်ညစ်ကျယ် လူအချို့

လက်ခံပေမယ့်

တစ်သက်အမှန်ကိုမဖုံးကွယ်နိုင်ပါဘူး။

ငယ်ငယ်က သင်ကြားဖူး

ဒေါင်းယောင်ဆောင် ကျီးမိုက်

အပြီးသတ်ခရီး ဆိုက်တော့

ဒေါင်းတွေအလယ်မှာမဟန်

ကျီးတွေ့ကလည်း ကန်တော့

ကျီးမိုက်ရဲ့ ဘ၀ဇတ်သိမ်း

တစ်ခဏ်းရပ်ပြဇာတ် ငြိမ်းခဲ့။

လူ့ဘောင် လောက

အတွင်းမှာလည်းအပြုသဘော

အယောင်ဆောင် ကြီးမိုက်များက

ချောင်ကလောင်ထဲကထထအော်

ပြည်ပက လှော်သမျှအဟုတ်ထင်

အမိရင်ခွင်

ခြေစုံကန်ချင်တဲ့ လုပ်ရပ်

တစ်ချိန်မှာတော့----

ငုပ်တုတ် ရပ်ခဲ့မှာပဲ။

http://ehmoo.files.wordpress.com/2007/11/n2.jpg
http://ehmoo.files.wordpress.com/2007/11/n1.jpg

Sunday, February 28, 2010

my love

“ ကုန်ကြမ်း ” မချစ်တက်ချစ်တက်နဲ့ ကဗျာရေးတဲ့ချစ်သူတစ်ယောက် ကောက်ရလိုက်တယ်........။ အိမ်မက်လေးတစ်ခုလိုပါပဲ ရုတ်တရက်မင်းငါ့ကို အရေးလုပ်တော့ ငါ့မှာ ကျေနပ်မှုတွေဆို့နင့်လို့.......။ မင်းစပ်ဆိုတဲ့ ကဗျာတစ်ပုဒ်ပြီးသွားတော့ ရုတ်တရက်ပါပဲ မင်းငါ့ကို စွန့်ခွာပြန်တယ် ......။ သြော် ... တကယ်တော့လဲ ငါဟာ..... မင်းကဗျာရဲ့ ကုန်ကြမ်းလေးမျှပါပဲ....။
ကာရန်မဲ့ကဗျာ ရင်မှာ နာကျည်းချက်ရှိတာကို နင်လေသိလျှက်နဲ့လုပ်ရက်တယ်ဟာ ငါ့ခံစားချက်ကိုမမြင်ယောင်ပြီး။ အရူးလုပ်ချင်နေတယ်ပေါ့လေ။ နင့်ကိုငါပွင့်လင်းစွာနဲ့ ဒူးထောက်တောင်းပန်ပြီးတာတောင်မှ နင်ခွင့်မလွှတ်ချင်လည်း အစတည်းကငါ့ကိုမုန်းနိုင်ခွင့်ရှိပါတယ်ဟာ ခုတော့နင်ငါ့ကိုအပျင်းပြေတွဲပြီး အပျော်ချစ်သွားခဲ့တာ ငါ့ရင်ခွင်မှာတော့တစပြင်သာသာပဲရှိတော့တယ်။
photo by visual.merriam-webster.com ချစ်သူတို့ညများ ရင်ဘတ်တွေနဲ့.သာ အတူတူလမ်းလျှောက်ခဲ့ရတဲ့ ညတညမှာ ကွဲအက်နာကျဉ်းနေတဲ့ နှလုံးသားတစုံအကြောင်း ဖြစ်နိုင်ရင်ငါ မပြောပါရစေနဲ့….. ခွင့်လွတ်ခြင်း သည်းခံခြင်း နားလည်းခြင်း အရာရာတိုင်းအတွက် ပေးဆပ်ခြင်း စွန့်လွတ်မှုသက်သက် ချစ်ခြင်းထက် အဆပေါင်းထောင်သောင်းမကပိုသော…..။ ။ ကြယ်ရောင်လရောင် မရှိဘူး ရှေ့တလှမ်းတိုးနိုင်ဘို့ ပိုးစုန်းကြူးတကောင်တလေတောင်ရှာမတွေ့ဘူး။ စာနာခြင်းနဲ့ ဘုရားသခင်ဆိုတာကလည်း ဒီအချိန် ငါတို့နဲ့ မရှိဘူး ကိုယ်ယုံကြည်ရာကိုပဲ ကိုယ်လုပ်မယ် ငါး ငါးချင်းထား ဖား ဖားချင်းမြိုဆိုတဲ့ သင်တို့ရဲ့လက်သုံးစကား လောလောဆယ် ငါတို့နားမထောင်အားဘူး ဒီတောဒီတောင်နဲ့ ဒီမြေပေါ်မှာမွေး ဒီမြေပေါ်မှာပဲသေချင်တယ်ဆိုတဲ့သူတိုတတွေဆီကိုပဲ….။ ရေကြည်တပေါက်အတွက် ချွေးတောက်တောက်မကျခဲ့ဘူး ဒီကမ္မာမှာရှိရင် ငါမြင်ပါရစေ။ ။ ညင်သာတိုးတိတ်စွာနဲ့ အရှိကိုအရှိအတိုင်းပဲ ပြောတာကောင်းပါတယ် ငါသုံးနှစ်အတွင်း ဒုတိအကြိမ်ပြန်စာရေးခြင်းပဲ ခေါင်းစဉ် တခုတည်းနဲ့ ကဗျာသုံးပုဒ် ငါတသက်လုံး မရေးဘူး။
အမြဲတမ်းပဲ မျှော်လင့်ခြင်းရဲ့ကောင်းကင်မှကြိုဆိုပါတယ်..................