Sunday, February 28, 2010
my love
“ ကုန်ကြမ်း ”
မချစ်တက်ချစ်တက်နဲ့
ကဗျာရေးတဲ့ချစ်သူတစ်ယောက်
ကောက်ရလိုက်တယ်........။
အိမ်မက်လေးတစ်ခုလိုပါပဲ
ရုတ်တရက်မင်းငါ့ကို
အရေးလုပ်တော့
ငါ့မှာ ကျေနပ်မှုတွေဆို့နင့်လို့.......။
မင်းစပ်ဆိုတဲ့ ကဗျာတစ်ပုဒ်ပြီးသွားတော့
ရုတ်တရက်ပါပဲ
မင်းငါ့ကို စွန့်ခွာပြန်တယ် ......။
သြော် ...
တကယ်တော့လဲ
ငါဟာ.....
မင်းကဗျာရဲ့ ကုန်ကြမ်းလေးမျှပါပဲ....။
ကာရန်မဲ့ကဗျာ
ရင်မှာ နာကျည်းချက်ရှိတာကို
နင်လေသိလျှက်နဲ့လုပ်ရက်တယ်ဟာ
ငါ့ခံစားချက်ကိုမမြင်ယောင်ပြီး။
အရူးလုပ်ချင်နေတယ်ပေါ့လေ။
နင့်ကိုငါပွင့်လင်းစွာနဲ့
ဒူးထောက်တောင်းပန်ပြီးတာတောင်မှ
နင်ခွင့်မလွှတ်ချင်လည်း
အစတည်းကငါ့ကိုမုန်းနိုင်ခွင့်ရှိပါတယ်ဟာ
ခုတော့နင်ငါ့ကိုအပျင်းပြေတွဲပြီး
အပျော်ချစ်သွားခဲ့တာ
ငါ့ရင်ခွင်မှာတော့တစပြင်သာသာပဲရှိတော့တယ်။
photo by visual.merriam-webster.com
ချစ်သူတို့ညများ
ရင်ဘတ်တွေနဲ့.သာ အတူတူလမ်းလျှောက်ခဲ့ရတဲ့ ညတညမှာ
ကွဲအက်နာကျဉ်းနေတဲ့ နှလုံးသားတစုံအကြောင်း
ဖြစ်နိုင်ရင်ငါ မပြောပါရစေနဲ့…..
ခွင့်လွတ်ခြင်း
သည်းခံခြင်း
နားလည်းခြင်း
အရာရာတိုင်းအတွက် ပေးဆပ်ခြင်း
စွန့်လွတ်မှုသက်သက် ချစ်ခြင်းထက်
အဆပေါင်းထောင်သောင်းမကပိုသော…..။ ။
ကြယ်ရောင်လရောင် မရှိဘူး
ရှေ့တလှမ်းတိုးနိုင်ဘို့ ပိုးစုန်းကြူးတကောင်တလေတောင်ရှာမတွေ့ဘူး။
စာနာခြင်းနဲ့ ဘုရားသခင်ဆိုတာကလည်း
ဒီအချိန် ငါတို့နဲ့ မရှိဘူး
ကိုယ်ယုံကြည်ရာကိုပဲ ကိုယ်လုပ်မယ်
ငါး ငါးချင်းထား
ဖား ဖားချင်းမြိုဆိုတဲ့ သင်တို့ရဲ့လက်သုံးစကား
လောလောဆယ် ငါတို့နားမထောင်အားဘူး
ဒီတောဒီတောင်နဲ့
ဒီမြေပေါ်မှာမွေး
ဒီမြေပေါ်မှာပဲသေချင်တယ်ဆိုတဲ့သူတိုတတွေဆီကိုပဲ….။
ရေကြည်တပေါက်အတွက်
ချွေးတောက်တောက်မကျခဲ့ဘူး
ဒီကမ္မာမှာရှိရင်
ငါမြင်ပါရစေ။ ။
ညင်သာတိုးတိတ်စွာနဲ့
အရှိကိုအရှိအတိုင်းပဲ ပြောတာကောင်းပါတယ်
ငါသုံးနှစ်အတွင်း ဒုတိအကြိမ်ပြန်စာရေးခြင်းပဲ
ခေါင်းစဉ် တခုတည်းနဲ့ ကဗျာသုံးပုဒ်
ငါတသက်လုံး မရေးဘူး။
Subscribe to:
Posts (Atom)
