Sunday, February 28, 2010

photo by visual.merriam-webster.com ချစ်သူတို့ညများ ရင်ဘတ်တွေနဲ့.သာ အတူတူလမ်းလျှောက်ခဲ့ရတဲ့ ညတညမှာ ကွဲအက်နာကျဉ်းနေတဲ့ နှလုံးသားတစုံအကြောင်း ဖြစ်နိုင်ရင်ငါ မပြောပါရစေနဲ့….. ခွင့်လွတ်ခြင်း သည်းခံခြင်း နားလည်းခြင်း အရာရာတိုင်းအတွက် ပေးဆပ်ခြင်း စွန့်လွတ်မှုသက်သက် ချစ်ခြင်းထက် အဆပေါင်းထောင်သောင်းမကပိုသော…..။ ။ ကြယ်ရောင်လရောင် မရှိဘူး ရှေ့တလှမ်းတိုးနိုင်ဘို့ ပိုးစုန်းကြူးတကောင်တလေတောင်ရှာမတွေ့ဘူး။ စာနာခြင်းနဲ့ ဘုရားသခင်ဆိုတာကလည်း ဒီအချိန် ငါတို့နဲ့ မရှိဘူး ကိုယ်ယုံကြည်ရာကိုပဲ ကိုယ်လုပ်မယ် ငါး ငါးချင်းထား ဖား ဖားချင်းမြိုဆိုတဲ့ သင်တို့ရဲ့လက်သုံးစကား လောလောဆယ် ငါတို့နားမထောင်အားဘူး ဒီတောဒီတောင်နဲ့ ဒီမြေပေါ်မှာမွေး ဒီမြေပေါ်မှာပဲသေချင်တယ်ဆိုတဲ့သူတိုတတွေဆီကိုပဲ….။ ရေကြည်တပေါက်အတွက် ချွေးတောက်တောက်မကျခဲ့ဘူး ဒီကမ္မာမှာရှိရင် ငါမြင်ပါရစေ။ ။ ညင်သာတိုးတိတ်စွာနဲ့ အရှိကိုအရှိအတိုင်းပဲ ပြောတာကောင်းပါတယ် ငါသုံးနှစ်အတွင်း ဒုတိအကြိမ်ပြန်စာရေးခြင်းပဲ ခေါင်းစဉ် တခုတည်းနဲ့ ကဗျာသုံးပုဒ် ငါတသက်လုံး မရေးဘူး။

No comments: