Saturday, April 11, 2009

သို့ ကဗျာတစ်ပုဒ်


ရဲရဲရင့်ရင့် ခေါင်းမော့ကြည့်လိုက်စမ်းပါ

ခေတ်နေ

ကြွေသွားတဲ့ ကြယ်တွေနေရာ

အစားထိုးဝင်ရောက်လာမယ့် ကွက်လပ်ဖြည့်တစ်ခုဟာ

ခေါင်းကိုမော့ လက်ကို ဆုပ်ထားမှ လှတော့မှာပေါ့

လောကဓံတရားကို လက်တစ်လုံးခြားကစားဖို့

ခေတ်နေဟာ အားမာန်ရှိထားရမယ်

ခေတ်နေသို့စာတစ်စောင်မှာ ဘ၀တစ်သက်စာ အဟာရပါတယ်

ခေတ်နေဆိုတဲ့နာမည်မှာ အဓိပ္ပာယ်တစ်ခုပါတယ်

နောင်တစ်ခေတ်မှာ ထွန်းတောက်မယ့်ကြယ်အတွက်

နေတစ်လုံးရဲ့ ကိုယ်စားပြုပုံ

ကမ္ဘာတစ်ခုရဲ့ လမ်းလျှောက်ပုံ

လူတစ်ယောက်ရဲ့ မွေးဖွားပုံနဲ့ဆိုင်တယ်

ကလေးရယ် ..

စိုသောလက်တွေ ခြောက်နေမြဲ

ခြောက်သောလက်တွေ စိုနေမြဲ

ခိုင်မြဲကျော်စွာရဲ့ သားချစ်ကဗျာကိုလည်း ဖတ်ထားရမယ်

ကမ္ဘာမီးလောင် သားတောင်ချနင်းနေတဲ့ ခေတ်မှာ

ဆာလောင်နေတဲ့ ငါတို့

အနာဂတ်ကို မင်းတို့ ပုံလို့ ပေးထားတယ်။

Live in Myanmar by Moe Moe (Inya)

 
 
မြန်မာပြည်မှာနေကြသည်။ (***Spoiler Warning***)


















ချယ်ရီသစ္စာ စာကြည့်တိုက်ကနေ ဖတ်မိတဲ့စာလေးတွေထဲက ဆရာမ ဒေါ်မိုးမိုး(အင်းလျား)ရဲ့  မြန်မာပြည်မှာနေကြသည် စာအုပ်လေးကို ပြန်ဝေငှချင်ပါတယ်။ ဖတ်ပြီးလဲဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီစာအုပ်ကိုဖတ်ပြီး မြန်မာပြည်တနှံ့  တလျားမှာ မရေမတွက်နိုင်အောင်ရှိတဲ့ ခင်စိုး၊ မိုးကျော်၊ မတာ၊ မညိုပြာ နဲ့ ရီရီမာတို့ အကြောင်းတွေကို ထိုင်စဉ်းစားရင်း ငိုင်နေမိပါတယ်။ ၁၀နှစ်၁၁နှစ် အရွယ်နဲ့  မလိုက်အောင် ပင်ပင်ပန်းပန်းလုပ်ရတဲ့ ကျိုက်ထီးရိုးတောင် အထမ်းသမားလေး ခင်စိုးကို ခုစာဖတ်နေတဲ့ မိတ်ဆွေ ကျိုက်ထီးရိုးဘုရားတက်ဘူးရင် သေသေချာချာ တွေ့ ဘူးမှာပါ။ ကျွန်တော်လဲတွေ့ ဘူးပါတယ်။ နာမည်ကတော့ ခင်စိုး ဟုတ်ချင်မှဟုတ်မှာပေါ့လေ။ သူ့ ထက်စာရင်အများကြီးချမ်းသာတဲ့ သူတွေရဲ့ အထုတ်ထမ်းသမားလေးပေါ့။ ဒီလိုဘဲ ပုပ္ပား-ကျောက်ပန်းတောင်း ကားမောင်းတဲ့ မိုးကျော်တွေ၊ မြန်မာပြည်အနှံ့ ပေါ့။ ကိုယ့်တစ်ယောက်ထဲ အတွက်မရုန်းနိုင်ဘဲ မိဘညီအစ်ကို တစ်မိသားစုလုံးအတွက် သူ့ နောင်ရေးကို စွန့်ပြီး လုပ်ကိုင်ကျွေးမွေးနေတဲ့  မိုးကျော်။ အသိအမှတ်တောင် အပြုမခံရရှာပါဘူး။ မြန်မာပြည်မှာအများကြီးပါ။ နောက် စစ်ကိုင်းကောင်းမှု့ တော် ဘုရားကြီးကိုမှီခို အသက်မွေးတဲ့  မတာ။ ဆယ်ကျော်သက်ပီပီ လှချင်ပချင် စိတ်ကစားချင်ရှာတဲ့  မတာ။ နောက် ညဏ်ထက်သော်လဲ ဆင်းရဲရှာလို့ ကျောင်းမနေနိုင်တော့ဘဲ ဈေးဗန်းခေါင်းရွက်ရောင်းရရှာတဲ့ ကောလိယချောင်းဘေးမှာနေတဲ့  မညိုပြာ။ မိန်းကလေးဘဲ သေစာရှင်စာ ၃တန်း၊ ၄တန်းလောက်ရောက် တော်ရောပေါ့ဆိုတဲ့ထဲ ပါသွားရှာတဲ့ မညိုပြာလေးတွေ။ နောက်ဆုံး တစ်ယောက်ကတော့ ရှေ့  ကလူတွေ အားလုံးထက် ကံပိုကောင်းတဲ့  ရီရီမာ။ ၁၀တန်းအောင်၊ မကြာခင်မှာ ဘွဲ့ ရမည့် ရန်ကင်း ၁၂လုံးတန်းက အရာရှိသမီး။ သို့ သော် ဖခင်အရာရှိက မဟုတ်တာမလုပ်တဲ့ အရာရှိ။ ရီရီမာနဲ့ သူ့ မိခင်တို့ က အများနည်းတူ မိုးခါးရေသောက်စေချင်သော်လဲ၊ မသောက်တဲ့သူ။ ခေတ်နဲ့ ဆန့်ကျင်ရင်း နောက်ဆုံး ခေတ်ရေစီးထဲဘဲ မျောပါကြရပုံ။

ဆရာမဟာ ဒီစာအုပ်ကို ၁၉၈၃ မှာရေးတာပါ။ ခုဆိုရင် သူတို့ ဘ၀တွေ နဲနဲများပိုကြမ်းနေမလား မဆိုသာပါ။ သူတို့  တွေအားလုံးကို မြန်မာပြည်အနှံ့ အပြားမှာ နေ့ စဉ်နေ့ တိုင်းတွေ့ နိုင်ပါတယ်။ ကျွန်တော်တို့ တွေဟာလဲ သူတို့  တွေလိုပါဘဲ။ မြန်မာပြည်မှာ လူမရှိရင်တောင်၊ အနာဂါတ် စိတ်ကူးတွေ၊ ၀ိညဉ်တွေက မြန်မာပြည်မှာ နေကြတာပါဘဲ။ သူတို့ လိုဘဲ နည်းအမျိုးမျိုးနဲ့  ဘ၀တွေကိုရုန်းနေကြတာပါဘဲ။ နဲနဲ ပိုကံကောင်းချင်လဲ ကောင်းမှာပေါ့လေ။ ဒီဘလောဂ့်ကို ရေးနိုင်၊ ဖတ်နိုင်တယ် ဆိုကတည်းက။ သူတို့ ကတော့ ကျွန်တော်တို့ လောက် ကံမကောင်းရှာဘူး။ သူတို့ က မြန်မာပြည်မှာ လူများစုပါ။ ဆရာမရေးတာဖတ်ပြီး တစ်ခုခုလုပ်များပေးလို့ ရရင် လုပ်ပေးချင်ပါတယ်။ လုပ်ပေးခွင့်ရဖို့ လဲ မျှော်လင့်ပါတယ်။

လောလောဆယ်တော့ ဆရာမလက်ရာလေး၊ အရင်ဖတ်ကြည့်ပါဦးခင်ဗျာ။ ချယ်ရီသစ္စာ စာကြည့်တိုက်ရဲ့  အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေထဲက တစ်ခုပါ။ ကျေးဇူးတင်ပါတယ်။

Download from Uploading
Download from Send Space

Cherry Thitsar Myanmar Library

Tags:

Monday, April 6, 2009

ကြောင်ကလေ

 

ကြောင်ကလေး တစ်ကောင်ဟာ တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာခဲ့တယ်။ တစ်နေ့မှာ
ကြောင်မေမေက ကြောင်ကလေးကို ခေါ်ပြီး "သား ကြီးပြင်းလာပြီနော်.. နောက် ၃
ရက်ကြာရင် မေမေရဲ့နို့ကို သားမစို့ရတော့ဘူး။ ကိုယ်တိုင် အစာသွားရှာရမယ်"
လို့ မှာတယ်။

ကြောင်မေမေ စကားကြားတော့ ကြောင်ကလေးက အထိတ်တလန့် " မေမေ
ဘယ်လိုအစာမျိုးကို သားရှာရမလဲ?" လို့ မေးတယ်။

"ဘယ်လိုအစာမျိုးကို စားရမလဲဆိုတာ ချက်ချင်းကြီး မေမေလည်း ပြောမပြတတ်ဘူး။
မေမေတို့ ဘိုးဘေးတွေ ထားခဲ့တဲ့နည်းကိုပဲ အရင်အသုံးပြုကြတာပေါ့။ ပထမဦးဆုံး
ညရောက်ရင် လူနေအိမ် ခေါင်မိုးပေါ်မှာ သားသွားပုန်းနေပါ။ နောက်
ထပ်ခိုးပေါ်မှာ၊ သေတ္တာဘေးမှာ၊ အိုးဘေးတွေမှာ သားသွားပုန်းနေပြီး
လူတွေပြောတဲ့ စကားကို သေချာနားထောင်ပါ။ သားအလိုလိုနေရင်း
အစာရှာတတ်သွားပါလိမ့်မယ်" လို့ ကြောင်မေမေက မှာတယ်။

ပထမညမှာ ကြောင်ကလေးဟာ ထပ်ခိုးမှာ သွားပုန်းနေပြီး ကလေးလေးကို မှာနေတဲ့
လူကြီးတစ်ယောက်ရဲ့ စကားတွေကို နားထောင်ခဲ့တယ်။ "သား.. ငါးနဲ့နွားနို့ကို
ရေခဲသေတ္တာထဲ သေချာသိမ်းထားနော်၊ ကြောင်တွေက ငါးနဲ့နွားနို့ကို
အရမ်းကြိုက်တယ်"

ဒုတိယညမှာ ကြောင်ကလေးဟာ အိုးဘေးကနေ မိန်းမကြီးတစ်ဦးရဲ့ စကားကို
နားထောင်ခဲ့တယ်။ "အသားခြောက်နဲ့ ဝက်အူချောင်းတွေကို သေချာသိမ်းနော်။
ကြက်ကိုလည်း သေချာလှောင်ထားဦး.. ကြောင်ခိုးစားလိုက်မယ်"

တတိယညမှာ ကြောင်ကလေးဟာ ခေါင်မိုးပေါ်ကနေ သမီးကို ဆူနေတဲ့ ဘေးအိမ်က
မိန်းမကြီးစကားကို နားထောင်ခဲ့တယ်။ "ငါးနဲ့ နို့ခြောက်တွေ
ကြောင်စားလို့ကုန်ပြီ မဟုတ်လား? သေချာသိမ်းထားပါလို့ မှာထားရက်နဲ့..
ကြောင်တွေက အနံ့ခံကောင်းကြတယ်။ မုန့်တွေကိုလည်း သေချာသိမ်းထားဦး။
မနက်ကျရင် စားဖို့ မကျန်ဘဲနေဦးမယ်"

ဒီလိုနဲ့ ၃ရက်မြောက်တဲ့နေ့မှာ ကြောင်ကလေးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့
ကြောင်မေမေကို လာတွေ့ခဲ့တယ်။ ပြီးတော့ " မေမေ.. မေမေစကားအတိုင်းပဲ
လူတွေပြောတာကိုပဲ သား သေချာနားထောင်ခဲ့တယ်။ သား ဘာစားသင့်သလဲဆိုတာကို
လူတွေက နေ့တိုင်းသားကို သင်ပေးတယ်" လို့ ပြောခဲ့တယ်။

နားထောင်ခြင်းပညာနဲ့ လူတွေပြောတာကို အရင်နားထောင်ပြီး ဘဝမှာ
ကျွမ်းကျင်ဖို့အတွက် လေ့လာသင်ယူခဲ့တယ်။ ကြောင်ကလေးဟာ တဖြေးဖြေး
ကိုယ်လိုချင်တဲ့ အစားအစာကို ရှာယူနိုင်ခဲ့တယ်။

"တစ်ခြားလူပြောတဲ့ စကားကို သေသေချာချာ အရင်နားထောင်ပါ။ သူတို့ရဲ့စကားက
ကိုယ့်ကို တဖြေးဖြေး သင်ယူသွားလိမ့်မယ်"

လူ့ဘဝမှာလည်း ဒီလိုပါပဲ။ တစ်ချို့အချိန်တွေမှာ တစ်ခြားလူတွေက ကိုယ့်ကို
တကူးတက လာသင်ပေး၊ ပြပေးမှာ မဟုတ်ဘူး။ ကိုယ်သင်ချင်၊ တတ်ချင်တယ်ဆိုရင်
လူများပြောတာကို များများနားထောင်၊ လူများလုပ်တာကို များများကြည့်ပြီး
သင်ယူတတ်ရမယ်။

Emilia - Big Big World

စိတ်တွေလေတဲ့နေ့

အယောင်ယောင်အမှားမှားနဲ့
အတိတ်တံခါးကိုသွားခေါက်မိတော့
စနစ်တကျသိမ်းဆည်းထားတဲ့အိပ်မက်တို့
တဝုန်းဝုန်းထပျံ…
ငါ့ရင်ခုန်သံတွေမမှန်ချင်တော့………။

တဝေါဝေါထိုးကျနေတဲ့ရေတံခွန်တစ်စင်း
မီးခပ်မျှင်းမျှင်းနဲ့မငြိမ်းနိုင်တဲ့မီးဖိုတစ်ခု
မာကျောကျွတ်ဆတ်ယောင်ဆောင်ထားတဲ့မှိုတက်ပေါင်မုန့်ကတစ်လုံး
မေ့တေ့တေ့ပါပဲဆိုပြီးကြည့်မှန်တွေကိုထိုင်ထိုင်ကြည့်နေတတ်တဲ့ဖဲကြိုးဖြူလေးကတစ်ခု
အနီရောင်နှင်းဆီပန်းခြောက်တွေကိုနှင်းဆိနံ့ရေမွှေးဖြန်းပေးနေတတ်တဲ့
နေရောင်ခြည်လေးကတစ်စ

စာလုံးတွေမှုန်ဝါးသွားသည့်တိုင်မြင်နိုင်နေသေးတဲ့စာရွက်ဝါကြင်ကြင်တချို့နဲ့စာအုပ်
ရယ်သံများနှင့်လတ်ဆတ်ရှင်းသန့်နေခဲ့သောနံနက်ခင်းတစ်ခု
သူတို့တစ်စုတစ်ဝေး ကျင်းပနေသော စကားလုံးမဲ့အလွမ်းပွဲတော်သံ
နားမခံသာပြန်ဘူး………

လှည့်ထွက်ခြေလှမ်းတို့နွမ်းချိယိုင်လှုပ်
တဖြုတ်ဖြူတ်ကြွေကျလာသော မျက်ရည်စက်များအုံ့ခို..
တံခါးကိုအလိုလိုဆွဲပိတ်မိပေမယ့်..အားမထည့်နိုင်ခဲ့တော့…

လူဆိုတာဒီလိုပဲလား
သိပ်အားနည်းနေတဲ့အချိန်မျိုးမှာ
အရာရာဟာ ရောဂါဘယတွေလိုခြုံခိုတိုက်ခိုက်
အစွယ်တဖွေးဖွေးနဲ့ကိုက်တတ်တဲ့သတ္တဝါတွေလို
ငါ့ကိုတစ်ခါတည်းမျိုချပစ်လိုက်ကြပါတော့လားးးးးးး
တစ်ယောက်တည်းအားထည့်အော်ပစ်လိုက်တဲ့အသံ
ကိုယ့်နှလုံးသားကိုပဲပြန်မှန်တယ်
တကယ်ဆို…အဲဒီလိုစိတ်လေနေဖို့မကောင်းဘူး
ဒါပေမယ့်..လူဆိုတာမျိုးကလည်း
လျို့ဝှက်ခန်းကလေးတွေကိုယ်စီနဲ့
လူခြေတိတ်ချိန်ကျ..တစ်ယောက်တည်းဖွင့်ကြည့်နေမိတတ်တာမျိုး
ဘာပဲဖြစ်ဖြစ် တနင်္လာနေ့မနက်ကျရင်တော့
တံခါးချပ်ကအလိုလိုပိတ်..ပစ္စက္ခဆီစိတ်တွေပြန်လည်ဆောင်ကျဉ်း
သီချင်းတစ်ပုဒ်ကိုခပ်တည်တည်ဆို(စာမျက်နှာ-၁၅..ပဲဖြစ်မယ်ထင်တယ်)
အနာဂါတ်ဆိုတာကြီးနဲ့တည့်တည့်ရင်ဆိုင်
ဘယ်မှာစိတ်လေနိုင်တော့မှာတဲ့လဲ။

my song

ကိုယ်သေဆုးံသွားပေါ.အချစ်ဆုးံရယ်...ကိုယ်.အတွက်...ကြေကွဲတဲ.သီချင်းကိုမဆိုပါနဲ... နှင်းဆီသစ်ပင်တွေ...အရိပ်ကိုင်းကိုင်းထင်းရှူးပင်တွေကိုလည်မစိုက်ပါနဲ...မြက်ခင်းစိမ်းစိမ်းကသာကိုယ်.အပေါမှာ.. နှင်းမှုန်မိုးစက်တွေနဲ.စိုယိမ်းနေပါစေ...မင်း...ကိုယ်.ကိုသတိရရင်လည်းရပ်..ဒါမှမဟုတ်..မေ.ရင်လည်းမေ.လိုက်ပါ..ကိုယ်ကတော.အရိပ်တွေကိုလည်းမမြင်နိုင်တော.ဘူး...မိုးရဲ.ရသကိုလည်းမရတော.ဘူး...နိုက်တင်ဂေးရဲ.ပရိဒေ၀တေးသွားကိုတောာင်.သူ...ဆို...လည်းကိုယ်.မကြားနိုင်တော.ဘူး..နေ၀င်ခြင်းလည်းမရိုနေထွက်ခြင်းလည်းမရိုအဲဒီလိုဆည်းဆာမှာမက်တဲ...အိမ်မက်တစ်ခုပေါ...ကိုယ်....သတိရရင်လည်းရနေမယ်.ပြီးတော...မေ.ရင်လည်းမေ.သွားလိမ်.မယ်ကွယ်....

myanmar photo

Roxette - It must have been love (live)