Monday, March 1, 2010

မြန်မာဟူသည် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ နှောင်းမူညောင်ရမ်း၊ ကုန်းဘောင်နန်းတိုင် တင့်လျှမ်းဝေစည်၊ မင်းနေပြည်နှင့် နေခြည်လင်းဖြာ၊ သာသနာနှင့် လယ်ယာဆည်မြောင်း၊ ရေမြေကောင်းနှင့် သောင်းတိုက်လွှမ်းကျော်၊ အောင်တပ်တော်နှင့် ဆီသော်ရေချိုး၊ ဆေးရိုးမီးလှုံ တောင်ပုံစပါး၊ ကြွယ်ဝပွားလျက် တင့်ကြွားဟန်ချီ၊ နွယ်သာကီ။ ။ ဇာတိပုည ၊ ဂုဏ်မာနနှင့် တက်ကြွညီညာ ၊ ထက်သန်စွာလျှင် စဉ်လာမညှိုး ၊ ဂုဏ်သိမ်တိုးလျက် တန်ခိုးဘုန်းသစ်၊ ထောင်ချီနှစ်တိုင် ကျစ်လစ်ခိုင်ကျည် ၊ နွယ်သာကီ။ ။ တစ်ကွေ့တစ်ကြိမ် မှေးမှိန်စွန်းညစ်၊ သူ့ကျွန်ဖြစ်လည်း နွံနစ်မခံ၊ တွန်းတော်လှန်လျက် မျိုးမာန်စွမ်းစ၊ သိအောင်ပြခဲ့ အာဂဇာနည်၊ နွယ်သာကီ။ ။ အမျိုးဘာသာ၊ သာသနာနှင့် ရိုးရာထုံးစံ၊ ကောင်းမွေခံလျက် မြန်မာဟူငြား၊ ကမ္ဘာကြွားမျှ လေးစားဂုဏ်မြောက်၊ အံ့ချီးလောက်သည့်။ ထွန်းတောက် အဓွန့်ရှည်၊ နွယ်သာကီ။ ။ ပြည်၏အကျိုး၊ အမျိုးသိက္ခာ သာသနာကျေးဇူး၊ အထူးထူးကို ရည်စူးနှင်းအပ်၊ ကျေပွန်လတ်သည့် သားမြတ်သားကောင်း၊ သူရဲကောင်းတို့ ထောင်သောင်းသိန်းသန်း၊ လက်ဆင့်ကမ်းလျက် ကြိုးစားပေးဆပ်၊ အသက်ထပ်၍ စောင့်ကြပ်ကွယ်ကာ၊ ထိန်းသိမ်းလာခဲ့ တို့ရွာ ဒို့တိုင်း ဒို့သမိုင်းကို မရိုင်းစေရေး၊ ညီညွတ်သွေးဖြင့် ရေးဖွဲ့မော်ကွန်း၊ သိစေညွှန်းအံ့ ကျွန်းဇဗ္ဗူဒီပါ၊ တောင်လက်ျာဝယ် သြဘာနိမိတ်၊ အောင်အတိတ်နှင့် အောင်ဟိတ်ဝေဖြာ၊ ထင်ရှားပါသည်။ မြန်မာဟူသည် နွယ်သာကီ။ ဇာတိစဉ်လာ ဂုဏ်တင့်ချီ။ ကမ္ဘာတည်မည့် မျိုးဂုဏ်ရည်။ ။

No comments: