Friday, March 5, 2010
ကြယ်တွေခတဲ့ည
★ လွယ်အိပ်တင်နေကြ ပုခုံးထက်
အေကေလွယ်တတ်ခဲ့တာ..။
★ လင်္ကာရွတ်ဖတ် နှုတ်ထွက်တွေလဲ
ချိန်မှတ် ဘယ်ညာ ဘယ်ညာ...။
★ ကဲ
ဖူးဖူးရွရွ နှလုံးသားတွေကရော
သည်ကာလရဲ့ ညရောက်တိုင်း
ကတ္တရာလမ်းပေါ်က
ပိုင်ရှင်မဲ့ ဖိနပ်ဟောင်းတွေနဲ့
အဖြူအစိမ်းတွေကိုပဲ..
ထပ်တလဲလဲ မြင်ယောင်နေမိတာ။
★ ဒါတွေဟာ
လင်းယုန်ကြီးပြောခဲ့သလို
ခေတ်ကြီးကတင်ပေးလိုက်တဲ့
တာဝန်တွေပေါ့။
★ ရဲရဲသာထမ်း
နောက်မဆုတ်ကြစမ်းနဲ့
ငါတို့နောက်မှာ....
ငါတို့ရှေ့မှာ....
ကြယ်ခတဲ့ညတွေ အသေအချာရှိနေတယ်။ ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment