Friday, March 5, 2010

ရင်တွင်းကဗျာ





တစ်ယောက်တည်း နေပေမယ့်
တစ်ယောက်တည်း မဟုတ်ဘူး            
ရင်ထဲမှာတာနေတဲ့ 
နေရောင်ကမလှဘူး

သူ့မျက်ဝန်းတွေ
ဝင်လာကတည်းက
ကိုယ့်အိမ်မတ်က
ညနဲ့မဆံ့တော့ဘူး

သူ့အပြုံးရဲ့ဘာသာစကားကို
သူကိုယ်တိုင်းပဲလျှို့ဝှက်ထားတယ်

ကိုယ်ကလည်း
စကားလုံးတွေနဲ့
တိုးတိုးတိတ်တိတ်
ရင်ခုန်နေရတာကလွဲလို့
ဘာတတ်နိုင်မှာလဲကွာ

No comments: