Monday, March 1, 2010

စစ်

စစ်ဖြစ်လျင် သခင်မဲ့သော အိမ်နှင့် အိမ်မရှိသောသခင်ကို တွေ့မည်။ စစ်ဖြစ်လျင် ခင်ပွန်းမရှိသော ဇနီးနှင့် ဇနီးမရှိသော ခင်ပွန်းကို တွေ့မည်။ စစ်ဖြစ်လျင် အဖေမရှိသောသားနှင့် သားမရှိသော အဖေကိုတွေ့မည်။ စစ်ဖြစ်လျင် ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့် ခန္ဓာကိုယ်မရှိသော ခြေထောက်ကိုတွေ့မည်။ စစ်ဖြစ်လျင် ကျွဲနွားမရှိသော စားကျက်နှင့် စားကျက်မရှိသော ကျွဲနွားတို့ကိုတွေ့မည်။ စစ်ဖြစ်လျင် ယမ်းငွေ့တွေဝေ၍ ကပ်ရောဂါများနှင့် ၀မ်းနည်းကြေကွဲမှုကို ကြုံမည်။ ငါတို့ စစ်ကို နှိပ်ကွပ်ကြပါစို့။ ငါတို့ စစ်ကို မဖြစ်ကြပါစို့။ ။

No comments: