Saturday, March 6, 2010
Friday, March 5, 2010
မြတ်နိုးသူရဲ့ဆန္ဒ
မင်းနဲ့တွေ့မှ မီးတောင်တစ်လုံးလို
ပေါက်ကွဲခဲ့ရပါပြီ . . .
ညှို့ယူတတ်တဲ့
မင်းမျက်ဝန်းတစ်စုံကို
သိလျှက်နဲ့ ရှောင်ဖို့ မကြိုးစားမိတာ
မင်းကိုချစ်နေမိလို့ပါ . . .
အချစ်ဆိုတာ အဆန်းသားနော်
မျက်နှာများတယ် လှည့်စားတတ်တယ် ဆိုတဲ့
မိန်းကလေး တစ်ယောက်ကို
ရူးသွပ်စွာ စွဲလန်းမိနေတဲ့
ငါ့နှလုံးသားကို ငါကိုယ်တိုင်
အံ့သြမိပါတယ် . . .
တစ်ချိန်က
မာနကြီးတတ် ရက်စက်တတ်တဲ့
ငါ့နှလုံးသားဟာ အခု
မင်းရှေ့မှာ ဒူးထောက်နေရပြီ
မိန်းကလေးရယ် . . .
မျှော်လင့်ခြင်း များစွာနဲ့
ချစ်နေရသူ တစ်ယောက်ရဲ့
နှလုံးသားကို
မာယာတစ်စက်နဲ့ အဆိပ်မခတ်လိုက်ပါနဲ့ . . .
မဖြစ်နိုင်မှန်း သိလျှက်နဲ့
ရူးရူးမိုက်မိုက် တမ်းတနေမိမှန်း
ငါ့ကိုငါ သိပါတယ် . . .
အချစ်နဲ့ အသက်ဆက်နေရသူမို့
မျှော်လင့်ချက်တွေနဲ့ အတူ
ငါ့ရဲ့အချစ်ကမ္ဘာ လေးကို
ရှင်သန်ခွင့်ပေးပါ . . .
ငါ့ရဲ့နှလုံးသား တံတားလေးပေါ်မှာ
မင်းရဲ့ ကြင်နာမှုတွေကို
နွေးထွေးစွာ ထွေးပိုက်ပါရစေ . . .
တစ်ဦးနဲ့ တစ်ဦး
အသဲချင်း ဖလှယ်လို့
ချစ်စကားလှလှလေးတွေ ဒို့အတွက်
ရွေးချယ်ပေးနိုင်ပါစေ . . .
နင်မရှိရင် . . .
ကောင်မလေးရေ . . .
နင်ဟာ ငါ့ရဲ့
အထူးထုတ် စာအုပ်လေးပေါ့ . . .
နင်မရှိရင်
ငါလုပ်သမျှ အရာရာဟာ မှားယွင်းနေလိမ့်မယ် . . .
ကောင်မလေးရေ . . .
နင်ဟာငါ့ရဲ့
မိုက်ခရို ကော်ပီလေးပေါ့ . . .
နင်မရှိရင်
ငါကျရှုံး ရလိမ့်မယ် . . .
ကောင်မလေးရေ . . .
နင်ဟာ ငါ့ရဲ့
အရိုက်ကြမ်းတဲ့ ဆရာမလေးပေါ့ . . .
နင် စိတ်ဆိုးမှာ မုန်းမှာ
ငါ အရမ်း ကြောက်တယ် . . .
မျှော်လင့်ခွင့် . .
အရိုင်းပန်းလေးရယ် . . .
မေတ္တာတရားတွေနဲ့ သစ္စာထားချစ်တယ်ဆိုတာ
မင်းနဲ့ဝေးမှ ပိုလွမ်းမိတဲ့
ငါ့နှလုံးသားရဲ့ ဆန္ဒအမှန်ပါ
မင်းရဲ့ မဟူရာမျက်လုံးလေးနဲ့
သူဇာကညာ အပြုံးလေးတွေဟာ
ဒို့ဘ၀ မျှော်လင့်ချက် တွေရဲ့
ရှင်သန်မှု လေးတွေပါကွယ် . . .
လှိုင်းထန်တဲ့ သောင်စပ်မှာ
ပျိုမြစ်နုနယ် အရာမထင်သေးတဲ့
ငါ့နှလုံးသားကို အတောက်ပဆုံး
မျှော်လင့်အိမ်မက် အတွက်
ရှင်သန်ခွင့် ပေးပါလားကွယ် . . .
ရင်တွင်းကဗျာ
ကြယ်တွေခတဲ့ည
★ လွယ်အိပ်တင်နေကြ ပုခုံးထက်
အေကေလွယ်တတ်ခဲ့တာ..။
★ လင်္ကာရွတ်ဖတ် နှုတ်ထွက်တွေလဲ
ချိန်မှတ် ဘယ်ညာ ဘယ်ညာ...။
★ ကဲ
ဖူးဖူးရွရွ နှလုံးသားတွေကရော
သည်ကာလရဲ့ ညရောက်တိုင်း
ကတ္တရာလမ်းပေါ်က
ပိုင်ရှင်မဲ့ ဖိနပ်ဟောင်းတွေနဲ့
အဖြူအစိမ်းတွေကိုပဲ..
ထပ်တလဲလဲ မြင်ယောင်နေမိတာ။
★ ဒါတွေဟာ
လင်းယုန်ကြီးပြောခဲ့သလို
ခေတ်ကြီးကတင်ပေးလိုက်တဲ့
တာဝန်တွေပေါ့။
★ ရဲရဲသာထမ်း
နောက်မဆုတ်ကြစမ်းနဲ့
ငါတို့နောက်မှာ....
ငါတို့ရှေ့မှာ....
ကြယ်ခတဲ့ညတွေ အသေအချာရှိနေတယ်။ ။
ကြယ်တစ်ပွင့်နှင့်တူသောချစ်သ
ထို့ အတူ ချစ်သူကိုလည်း ချစ်၏
ထို့ ကြောင့် ချစ်သူသည် ကျွန်တော့်အတွက်တော့
ကြယ်တစ်စင်းဖြစ်သည်။
အဘယ်ကြောင့် ဆိုသော် ကြယ်သည်
ကန္တာရတွင် လမ်းပျောက်သူအတွက်
အမှောင်တွင်လင်းသော မြေပုံဖြစ်၏
ချစ်သူသည်လည်း ကြေကွဲဖွယ်ဒဏ်ရာများနှင့်
အမှောင် လမ်းမှားလျှောက်မိနေချိန်တွင်
အလင်းသို့ လမ်းပြခေါ်ဆောင်ပေးခဲ့သည်။
ဒီအတွက် ချစ်သူအား ကျေးဇူးတင်မိ၏
ထို့ ပြင် သက်ထက်မက ပိုပင်ချစ်မိသည်။
ဒါကြောင့်
ကျွန်တော်ပြောတာပေါ့။
ချစ်သူကကြယ်တစ်စင်းပါလို့ ။
တင်စားမှုတိုင်းသည်သူ့ အကြောင်းနှင့်သူ ရှိကြသည်။
စိမ်းလန်းသောသစ္စာအိမ်ကြီး
ကျေနပ်ပါပြီ".....
ပင်ယံမှာ....သခင်စံဖို့
ရင်နံရံရဲ့ ဟိုဖက်ခြမ်းမှာ
လွမ်းနေပါ့မယ်"....
Thursday, March 4, 2010
ယုံကြည်နေပါ
Tuesday, March 2, 2010
Monday, March 1, 2010
ရင်ထဲကမမ
တွေးမှတ်မထင်
တွေ့ ဆုံခဲ့ရ
မအပေါ်တွင်
ထိန်းချုပ်သည့်ကြား
ရုန်းထွက်မရ
ချစ်ခြင်းမေတ္တာ
သံယောဇဉ်ကြိုး
ခိုင်မာတွယ်ငြိ
ချည်နှောင်မိပြန်သည်......။
Hello..........
နေ့တိုင်းနေ့တိုင်း ၈ နာရီဆို...နှိုးစက်လေးတိုင်းနှိုးနေကြလေ...
ညတိုင်း ညတိုင်း ၁၂ ထိုးတိုင်း .
Gtalk လေး က လွမ်းနေကြလေ.....
On line တက်တိုင်း မြင်ချင်မိတာ
မင်းရဲ့ Nick လေး
မမြင်ရရင် စိတ်ထဲနွမ်းလျ
မှိုင်တွေမိကာ....
မင်းရဲ့ Nick လေး တက်ကာလာမှ
မြူးထူးပျော်ရွှင် ကျေနပ်မိ၏
ကားရုံလေးနဲ့ တုန်လှုပ်နေမိ
မင်းရဲ့ သံလေး ကြားချင်နေမိ
အမြဲမဟုတ်တောင်မှ.....
On line လေးကို............
ချစ်အိမ်မက်....
အချစ်စစ်ဖြစ်ခဲ့ကြလည်း
တံတိုင်းတွေခြားထားနှင့်ခဲ့
ဂှူံးနိမ့်မယ်လို့ကြိုသိထားလည်း
သွေးပျက်မတတ်ချစ်ခဲ့မိတရ်....
ရင်ထဲမှာတော့....
ပေါက်ကွဲနေတဲ့မှန်စတစ
စူးနစ်နေသလို တဆစ်ဆစ်နာကျင်နေတရ်
မဖြစ်နိုင်ဘူးဆိုတဲ့ အသိနဲ့
မှတ်ဥာဏ်ကို Focus ချိန်
တဖြည်းဖြည်းကြည်လင်ပြတ်သားသည်အထိ...
တကယ်တော့လည်း....မင်းနဲ့ငါက
ဘယ်လိုမှ ပေါင်းစပ်ခွင့်မရှိတဲ့
မျဉ်းပြိုင်လေး နှစ်ကြောင်းပေါ့ ....။။
ချစ်အရိပ်လေး...........
ညလေးတွေမှာအနားလေးမှာရှိနေသလိုတီးတိုးဖော်တိုင်ပင်ဘက်အမြဲလိုရှိနေတတ်တာချစ်တဲ့အရိပ်လေးပါဘဲ...၀မ်းနည်းကြေ
ကွဲရင်...ဖျောင်းဖျနှစ်သိမ့်တတ်သလိုပျော်ရွှင်မှူများကိုမျှသေခံစားတဲ့အရိပ်လေးပါဘဲ.အရိပ်လေးရယ်...တစုံတခုကိုခံစားမိတိုင်း
သတိရတမ်းတမိတာမင်းလေးပါဘဲ...မင်းလေးရဲ့ထူးထူးခြားခြားရယ်သံမြူးမြူးလေးလေးကကိုယ့်နှလုံးသားလေးကိုပျော်ရွှင်စေ
တယ်။မင်းလေးနဲ့ငြင်းခုံခဲ့ဖူးတာ...အချစ်“ ဆိုတဲ့ဝေါဟာရအကြောင်းပါဘဲ။“အချစ်ဆိုတာနဲ့မရင်းနှီးသေးဘူးတဲ့မင်းအတွက်...
တခါတရံမှာ အချစ်ဆိုတာသူဟာသူတည်ရှိနေတဲ့အရာကိုလူတွေရဲ့အမျိုးမျိုးသောယူဆချက်လေးတွေကိုခွဲခြမ်းစိတ်ဖြာပြလိုက်တာ
မင်းလေးဖတ်ဖူးတဲ့စာအုပ်တွေကအတိုင်းပေါ့။တခါတရံ..ကလေးလေးလိုနေချင်တယ်။တခါတရံ...ဆရာကြီးလေသံလေးနဲ့ ဘယ်
အရာကဘာဖြစ်တယ်ဆိုတာမျိုးသေချာရှင်းပြပြန်ရော....။မင်းလေးရဲ့ထူးခြားမှူက...ရယ်သံမြူးမြူးလေးရယ် ဖြူစင်တဲ့စိတ်လေး
ရယ် နားလည်စာနာတတ်မှူရယ်.......အဲဒါလေးတွေကို....သဘောကျတာ...။။။
“အချစ် ဆိုတာ...ကိုယ်သိတာ...ချစ်သူဆိုတာအလွန်ကျယ်ပြန်တယ်။ချစ်သူအမျိုးအစားများစွာရှိတယ်...ခံစားမှူအသိအမြင်
အတွေးကျယ်သလောက်ချစ်သူအမျိုးအစားကျယ်တယ်။ချစ်သူအမျိုးအစားများစွာထဲမှကိုယ်အလေးစားဆုံးတန်ဖိုးထားဆုံး
တန်ဖိုးထားဆုံးချစ်သူအမျိုးစားကသူရဲ့ကောင်းကျိုးချမ်းသာကိုကိုယ်ကလိုလားတယ်...သူ့ရဲ့ကောင်းကျိုးကိုကိုယ်ကဆောင်ရွက်
ပေးချင်တယ်။ကိုယ့်ကြောင့်ဆိုးကျိုးမဖြစ်ထွန်းအောင်ကိုယ်ကစောင့်ထိန်းပေးတယ်သူပျော်လျှင်အတူလိုက်ပျော်ပေးချင်သည်။
သူဝမ်းနည်းလျှင်လိုက်ဝမ်းနည်းပေးသည်။လူသားချင်းအပြန်အလှန်အသက်ဝင်နေတဲ့ချစ်သူအမျိုးအစားကိုနှစ်သက်တာ.....
အရိပ်လေးရဲ့.........
ဒါတွေကို နှစ်သက်မြတ်နိုးတဲ့ကိုယ်အဖို့ကတော့...မင်းဘက်ကရင်ဖွင့်ကြိုနေလည်းဝင်ခွင့်မရှိသူကကိုယ်ပါ။မင်းလေးပေးတဲ့
အိမ်မက်ဆို....မက်ဖို့အသင့်ရှိပေမဲ့ မက်ခွင့်မရှိသူပါ။အဝေးဆုံးမှ.....အဝေးဆုံးသို့ ဝေးနေကြတယ်လေ....(အနေအထားအား
လုံးပေါ့) သစ်ရွက်ကြွေတာတောင်လွမ်းတတ်သူမို့...ချစ်မိသူဆိုတာ..အမြဲစစ်ရှူံးတဲ့သူလိုပါဘဲ....နမ်းခွင့်မရပေမဲ့...လွမ်းခွင့်ရ
ချင်သေးတယ်။ဒြပ်နှလုံးသားရဲ့နံရံသာဆို....ကိုယ်ဖြိုချင်ပါတယ်.....ယုံချင်မှယုံပါ....ဘာပဲဖြစ်ဖြစ်..မင်းလေးကို..........
“ချစ်တရ်“.....................
နတ်သမီးအတွက်ကဗျာ
မိုင်တွေမိုင်တွေ
ငါတို့ကြားမှာ
မိုင်တွေဝေးကြပေါ့ ခလေးရေ..။
ထိမ်းထိမ်းသိမ်းသိမ်းလေး
ငါ့မှာကြေကွဲနေရ
သိုသိုသိပ်သိပ်လေး
ငါ့မှာနာကျင်နေရ
တို့ တွေ ခြားနားခဲ့ကြတယ်။
အချစ်ဆိုတာလိုက်ရင်ပြေးတယ်
အချစ်ဆိုတာပြေးရင်လိုက်တယ်
ငါ့်ကိုချစ်လို့များ ထွက်ပြေးနေရော့။
လွမ်းနေတာတွေ ချရေးလိုက်ဖို့
ဒီကဗျာကို စတင်ခဲ့တယ်။
မင်းမဖတ်ပေမယ့်
ဒါကို ငါစပ်တယ်။
စောင့်မျှော်ခြင်းတွေသာ
မီးကျွမ်းလု
လည်ပင်းထိဝါးမျိုထားတဲ့အလွမ်းနဲ့
အအိပ်ပျက် ကျွံကျနေတဲ့မျက်တွင်းတစ်စုံနဲ့
ရောက်မလာတဲ့ရထားကို
ရပ်စောင့်မိတဲ့ သူရှုးတစ်ယေက်လို
နာရီတွေကိုအတိုင်းသား ငေးမောကြည့်နေရ။
ဟော့ဒီ့သတင်းခေတ်ကြီးထဲ
ငါတို့ဝေးနေကြတာအံ့သြစရာ။
တို့နှစ်ယောက်ကြားမှာမှ ကမ္ဘာကြီးကလာခြားနား
အရပ်ရှစ်မျက်နှာ
ဆက်သွယ်ရေးကွန်ယက်တွေကြား
အလွမ်းကို ဆိုမြည်တမ်းတလိုက်ဖို့
ဖုန်းနံပါတ်ကလေး တစ်ခုတစ်လေ
ဘာလို့ မရှိခဲ့တာလဲ။ ။
တဖျတ်ဖျတ် လင်းလက်နေတယ်
ထင်ရပေမဲ့ . . . .
အထပ်ထပ် နစ်လာနေတဲ့
ဘ . . ၀ . . . .
ရှေ့တစ်လှမ်း တိုးချင်နေမဲ့
နောက်တစ်လှမ်း ဆုတ်မိနေသလို
ငါ့ရေးတဲ့ ငါ့သမိုင်းကလဲ
နက်သထက် နက်မှောင်နေဆဲ . . . . . . . . . .
ပြောနေကြတယ် . . . . စကားတွေ . . . .
ငါမသိဘူး . . . .
ကြားနေရတယ် . . . . အသံတွေ . . . .
ငါမသိဘူး . . . .
မြင်နေရတယ် . . . . မမြင်ဖူးတာတွေ . . . .
ငါမသိဘူး . . . .
ငါရေးနေတဲ့ ငါ့သမိုင်းထဲမှာလည်း
မသိတာတွေနဲ့ပဲ မသိသလိုနေရဦးမှာပေါ့ . . . . . . . . . . .
သေသေသပ်သပ် တွန်းပို့ခံလိုက်ရတဲ့
အနာဂတ် လက်ကျန်တပိုင်းတစမှာ
ဒုက္ခတွေက လိပ်စာမမူပဲရောက်လာတယ်
ငါကိုယ်တိုင် လိပ်တဲ့ ထမင်းလိပ်က
ငါ့ကို ပြန်လိပ်နေလို့
ငါရေးတဲ့ ငါ့သမိုင်းထဲမှာလည်း
ငါကိုယ်တိုင် လှိမ့်နေရဆဲပါပဲ. . . . . . . . . . . . .
နိဒါန်းဆွဲထုတ်မရတဲ့ နိဂုံး
အဓိပ္ပါယ်ဆက်မရတဲ့ စကားလုံး
အဆုံးသတ်မှာ တွေဝေနေတဲ့
သတ်ပုံမှား ကဗျာတစ်ပုဒ်လို
ငါရေးနေတဲ့ ငါ့သမိုင်းကလဲ
ေ၀၀ါးလွဲမှား နေဆဲ . . . . . . . . . . . .
စစ်
စစ်ဖြစ်လျင်
သခင်မဲ့သော အိမ်နှင့်
အိမ်မရှိသောသခင်ကို တွေ့မည်။
စစ်ဖြစ်လျင်
ခင်ပွန်းမရှိသော ဇနီးနှင့်
ဇနီးမရှိသော ခင်ပွန်းကို တွေ့မည်။
စစ်ဖြစ်လျင်
အဖေမရှိသောသားနှင့်
သားမရှိသော အဖေကိုတွေ့မည်။
စစ်ဖြစ်လျင်
ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့်
ခန္ဓာကိုယ်မရှိသော ခြေထောက်ကိုတွေ့မည်။
စစ်ဖြစ်လျင်
ကျွဲနွားမရှိသော စားကျက်နှင့်
စားကျက်မရှိသော ကျွဲနွားတို့ကိုတွေ့မည်။
စစ်ဖြစ်လျင်
ယမ်းငွေ့တွေဝေ၍
ကပ်ရောဂါများနှင့် ၀မ်းနည်းကြေကွဲမှုကို ကြုံမည်။
ငါတို့ စစ်ကို နှိပ်ကွပ်ကြပါစို့။
ငါတို့ စစ်ကို မဖြစ်ကြပါစို့။ ။
”ကျီးမိုက်လို လူစားများ”
အဟောင်းအသစ်တွေကြားမှာ
ဒေါင်းအစစ်ဖြစ်ကြောင်း
အသံကောင်းဟစ်နေ
မဖြစ်ညစ်ကျယ် လူအချို့
လက်ခံပေမယ့်
တစ်သက်အမှန်ကိုမဖုံးကွယ်နိုင်ပါဘူး။
ငယ်ငယ်က သင်ကြားဖူး
ဒေါင်းယောင်ဆောင် ကျီးမိုက်
အပြီးသတ်ခရီး ဆိုက်တော့
ဒေါင်းတွေအလယ်မှာမဟန်
ကျီးတွေ့ကလည်း ကန်တော့
ကျီးမိုက်ရဲ့ ဘ၀ဇတ်သိမ်း
တစ်ခဏ်းရပ်ပြဇာတ် ငြိမ်းခဲ့။
လူ့ဘောင် လောက
အတွင်းမှာလည်းအပြုသဘော
အယောင်ဆောင် ကြီးမိုက်များက်
ချောင်ကလောင်ထဲကထထအော်
ပြည်ပက လှော်သမျှအဟုတ်ထင်
အမိရင်ခွင်
ခြေစုံကန်ချင်တဲ့ လုပ်ရပ်
တစ်ချိန်မှာတော့----
ငုပ်တုတ် ရပ်ခဲ့မှာပဲ။













































