တို့နှစ်ယောက်ရဲ့အဖြစ်
ငါဟာကောင်းကင်ကြီးရဲ့ တိမ်တိုက်တွေကြားမှာ
ငှက်ကလေးလိုလွင့်မျောပျံသန်းချင်တယ်
မပြီးဆုံးသေးတဲ့ ပန်းချီကားတစ်ချပ်ကို
ငေးမောရင်း ဟိုးအတိတ်ကိုပြန်မြင်ယောင်မိတယ်
ငါကလည်း ငါ့လမ်းငါလျှောက် ၊ နင်ကလည်း နင့်လမ်းနင်ဖောက်နေမှပဲ
ငါဘာတွေကိုများ လွမ်းနေမိပါလိမ့်နော်
အချိန်တွေကလည်းအရင်တုန်းကလိုမှ မဟုတ်တော့တာပဲလေ
ဟိုအရင်ကစိတ်ကူးယာဉ်ဆန်ခဲ့တဲ့အဖြစ်ဟာ
ငါ့အတွက်အိမ်မက်ပဲလား ??? အတိတ်ကဇာတ်လမ်းတစ်ခုပဲလား ???
မယုံကြည်နိုင်အောင် အိမ်မက်တွေထဲကနိုးထချင်မိတယ်
လွတ်လပ်မှုကိုလိုချင်နေတဲ့ လူသားတွေရဲ့ ဘ၀မှာ
ကောင်းကင်ဟာ မျှော်လင့်ခြင်းတစ်ခုလိုပါပဲ
ငါနဲ့ အဝေးဆုံးတစ်နေရာကို ဘ၀အတွက်ထွက်သွားတဲ့
မင်းကိုငါ့ အိမ်မက်ထဲမှာတောင်တွေ့ ခဲ့တယ်
ဘ၀သစ်နေရာသစ်ကို ထွက်သွားတဲ့မင်းလို
ငါလည်းတစ်နေ့ နေ့ တစ်ချိန်ချိန်မှာ ထွက်သွားရဦးမှာ
မဆိုနိုင်တဲ့မျဉ်းနှစ်ကြောင်း မပြီးသေးသောပန်းချီကား
ဆုံမှတ်ကဝေးကွာနေဆဲပါ ... ...
ငါလည်းနေရာသစ် ၊ ဘ၀သစ်မှာ
လူတွေကိုကောင်းကင်ပေါ်က ငုံ့ ကြည့် ရင်း
တောက်ပတဲ့ ကြယ်လေးတစ်ပွင့်ဖြစ်ချင်တယ် ... ... ...

ချစ်ကို
No comments:
Post a Comment