Saturday, May 8, 2010

ချစ်သူ

ချစ်သူ

(မင်းကို)
စတွေခဲ့တဲ့နေ့
ထာဝရမမေ့နိုင်ဘူး ချစ်သူ
(
မင်းကို)
ချစ်ခဲ့တဲ့ အချစ်
နောင်တစ်ချိန် ဘယ်တော့မှ မဖြစ်ပေါနိုင်တော့သလို
(
မင်းကို)
လွမ်းရတဲ့ အလွမ်း
နောင်တသက်တောင် ပြီးဆုံးနိုင်ပါတော့မလား
(
ချစ်သူရယ်)...........
၇ယ်နိုင်သေးရဲ့လားခု
မူးလို့မှမပြေတဲ့အရသာ
အခါးဆိုတာ လျှာမှာပိုဆွဲတယ်။
အနေမတက်လို့
လူတကာမျက်စောင်းတွေ
သေတ္တာနဲ့တစ်လုံးပိုင်ခဲ့ပေါ့။
ဟိုသီချင်းလို
ကိုယ့်ကျတော့သိပ်ခက်တယ်။
အချစ်ရေ မင်းနှုတ်ခမ်း
ငါနမ်းဖူးကြောင်း
ငါကိုယ်ငါကျိန်တွယ်ပြီးပြောရလောက်အောင်
ဘ၀ကကြမ်းခဲ့တယ်။
ဒါပေမယ့်
အခွင့်အေ၇းရ၇င်
တိတ်တိတ်ကလေးကျိတ်
ကဗျာဆ၇ာဖြစ်ချင်တာကို
ဂုဏ်ယူတုန်းပဲ။


                                                         ကြယ်စင်လင်း

No comments: