Saturday, May 8, 2010

လွမ်းချင်း

လွမ်းချင်း

အင်းလျားလမ်းကိုဖြတ်တိုင်း
နှင်းမကွဲသေးတဲ့ နံနက်ခင်းမှာ
မင်းလက်ကိုတွဲပြီး လမ်းလျှောက်ဖူးတာ သတိရတယ်....
မိုးတွေရွာတိုင်း
ထီးဆောင်းဖို့ပျင်းတဲ့ ကိုယ့်အတွက်
မင်းဝယ်ပေးခဲ့ဖူးတဲ့ Rain Coat အဖြူရောင်လေးကို
ထုတ်ဝတ်မိတုန်းပဲ......
ကိုယ့် စိတ်တွေမွန်းကျပ်လွန်းလို့
အိပ်လို့မရတဲ့ညတွေမှာ
R
ကြီးရဲ့ ''တခါတလေ'' ညည်းရင်း
နှစ်သိမ့်ပေးခဲ့ဖူးတဲ့
မင်းရဲ့ သီချင်းသံကို နားထောင်ချင်မိသေးတယ်
မင်း အကြိုက်လိုက်ရင်း ကော်ဖီသောက်တတ်ခဲ့တဲ့ကိုယ်လေ
ခုထိ ကော်ဖီကို ဖြတ်မရနိုင်သေးဘူး
ချစ်သူရေ
မင်းရင်ခွင်ဟာ အချိန်တိုင်း
ကိုယ့်အတွက်အသင့်ဖြစ်ခဲ့ပေမယ့်
မင်းယုံကြည်ရာ လမ်းကို မလျှောက်လှမ်းနိုင်ခဲ့တာကိုခွင့်လွှတ်ပါကွယ်....
နောက်လှည့်မကြည့်ပါနဲ့တော့ ချစ်သူ
ဒါတွေအားလုံးဟာ ကိုယ့်ရဲ့ လွမ်းခြင်းသက်သက်သာဖြစ်တယ်...
မင်းမရှိလည်း (အထီးကျန်ဆန်လွန်တာကလွဲရင်)
ကိုယ့်အတွက်
အသက်ရှုစရာ လေငွေ့ငွေ့လေးရှိရင်ပဲ
ရပ်တည်ဖို့လုံလောက်ပါတယ် အကြင်နာရယ်.................


                                                                                                                   ချစ်ရင်ထူး

No comments: