Friday, March 5, 2010

Thursday, March 4, 2010

ယုံကြည်နေပါ

ငါရင်ထဲအချစ်တွေလည်း မင်းအတွက်တို့ဖြစ်နေခဲ့
မျှော်လင့်ခြင်းတို့ပျက်စီးကာ အရာရာဆိတ်သုဉ်းသွားပြီးပဲ
ကမ္ဘာတွေခြားလို့ဝေးနေလည်း ငါလေသတိရလွမ်းနေဆဲ
ဟိုအရင်အတိတ်တို့ပြန်မရနိုင် ဖြေသိပ့်ရင်းနဲ့တစ်ယောက်တည်းလွမ်းနေဆဲ
သိပ်ချစ်ခဲ့လည်းဝေးပြီ ယံကြည်နေပါကြင်နာသူရေ 
အရင်လိုနေ့ရက်အချိန်တိုင်းမှာ သိပ်ချစ်ခဲ့လို့မနိုင်တာနင်တစ်ယောက်တည်းပါ
ဖြူစင်နေတာ ကြင်နာသူရေ
ကိုယ်တိုင်းမင်းအနားရှိတိုင်းမှာ ပေးဆပ်ရင်းနဲ့လွမ်းနေတာကိုယ်တစ်ယောက်လည်းပါ
မင်းလေးကိုယ့်ဟာကိုယ့်အတွက်အလင်းရောင်လေး

take me you heart

Monday, March 1, 2010

ရင်ထဲကမမ

တွေးမှတ်မထင် တွေ့ ဆုံခဲ့ရ မအပေါ်တွင် ထိန်းချုပ်သည့်ကြား ရုန်းထွက်မရ ချစ်ခြင်းမေတ္တာ သံယောဇဉ်ကြိုး ခိုင်မာတွယ်ငြိ ချည်နှောင်မိပြန်သည်......။

Hello..........

နေ့တိုင်းနေ့တိုင်း ၈ နာရီဆို...နှိုးစက်လေးတိုင်းနှိုးနေကြလေ... ညတိုင်း ညတိုင်း ၁၂ ထိုးတိုင်း . Gtalk လေး က လွမ်းနေကြလေ..... On line တက်တိုင်း မြင်ချင်မိတာ မင်းရဲ့ Nick လေး မမြင်ရရင် စိတ်ထဲနွမ်းလျ မှိုင်တွေမိကာ.... မင်းရဲ့ Nick လေး တက်ကာလာမှ မြူးထူးပျော်ရွှင် ကျေနပ်မိ၏ ကားရုံလေးနဲ့ တုန်လှုပ်နေမိ မင်းရဲ့ သံလေး ကြားချင်နေမိ အမြဲမဟုတ်တောင်မှ..... On line လေးကို............

ချစ်အိမ်မက်....

အချစ်စစ်ဖြစ်ခဲ့ကြလည်း တံတိုင်းတွေခြားထားနှင့်ခဲ့ ဂှူံးနိမ့်မယ်လို့ကြိုသိထားလည်း သွေးပျက်မတတ်ချစ်ခဲ့မိတရ်.... ရင်ထဲမှာတော့.... ပေါက်ကွဲနေတဲ့မှန်စတစ စူးနစ်နေသလို တဆစ်ဆစ်နာကျင်နေတရ် မဖြစ်နိုင်ဘူးဆိုတဲ့ အသိနဲ့ မှတ်ဥာဏ်ကို Focus ချိန် တဖြည်းဖြည်းကြည်လင်ပြတ်သားသည်အထိ... တကယ်တော့လည်း....မင်းနဲ့ငါက ဘယ်လိုမှ ပေါင်းစပ်ခွင့်မရှိတဲ့ မျဉ်းပြိုင်လေး နှစ်ကြောင်းပေါ့ ....။။

ချစ်အရိပ်လေး...........

ညလေးတွေမှာအနားလေးမှာရှိနေသလိုတီးတိုးဖော်တိုင်ပင်ဘက်အမြဲလိုရှိနေတတ်တာချစ်တဲ့အရိပ်လေးပါဘဲ...၀မ်းနည်းကြေ ကွဲရင်...ဖျောင်းဖျနှစ်သိမ့်တတ်သလိုပျော်ရွှင်မှူများကိုမျှသေခံစားတဲ့အရိပ်လေးပါဘဲ.အရိပ်လေးရယ်...တစုံတခုကိုခံစားမိတိုင်း သတိရတမ်းတမိတာမင်းလေးပါဘဲ...မင်းလေးရဲ့ထူးထူးခြားခြားရယ်သံမြူးမြူးလေးလေးကကိုယ့်နှလုံးသားလေးကိုပျော်ရွှင်စေ တယ်။မင်းလေးနဲ့ငြင်းခုံခဲ့ဖူးတာ...အချစ်“ ဆိုတဲ့ဝေါဟာရအကြောင်းပါဘဲ။“အချစ်ဆိုတာနဲ့မရင်းနှီးသေးဘူးတဲ့မင်းအတွက်... တခါတရံမှာ အချစ်ဆိုတာသူဟာသူတည်ရှိနေတဲ့အရာကိုလူတွေရဲ့အမျိုးမျိုးသောယူဆချက်လေးတွေကိုခွဲခြမ်းစိတ်ဖြာပြလိုက်တာ မင်းလေးဖတ်ဖူးတဲ့စာအုပ်တွေကအတိုင်းပေါ့။တခါတရံ..ကလေးလေးလိုနေချင်တယ်။တခါတရံ...ဆရာကြီးလေသံလေးနဲ့ ဘယ် အရာကဘာဖြစ်တယ်ဆိုတာမျိုးသေချာရှင်းပြပြန်ရော....။မင်းလေးရဲ့ထူးခြားမှူက...ရယ်သံမြူးမြူးလေးရယ် ဖြူစင်တဲ့စိတ်လေး ရယ် နားလည်စာနာတတ်မှူရယ်.......အဲဒါလေးတွေကို....သဘောကျတာ...။။။ “အချစ် ဆိုတာ...ကိုယ်သိတာ...ချစ်သူဆိုတာအလွန်ကျယ်ပြန်တယ်။ချစ်သူအမျိုးအစားများစွာရှိတယ်...ခံစားမှူအသိအမြင် အတွေးကျယ်သလောက်ချစ်သူအမျိုးအစားကျယ်တယ်။ချစ်သူအမျိုးအစားများစွာထဲမှကိုယ်အလေးစားဆုံးတန်ဖိုးထားဆုံး တန်ဖိုးထားဆုံးချစ်သူအမျိုးစားကသူရဲ့ကောင်းကျိုးချမ်းသာကိုကိုယ်ကလိုလားတယ်...သူ့ရဲ့ကောင်းကျိုးကိုကိုယ်ကဆောင်ရွက် ပေးချင်တယ်။ကိုယ့်ကြောင့်ဆိုးကျိုးမဖြစ်ထွန်းအောင်ကိုယ်ကစောင့်ထိန်းပေးတယ်သူပျော်လျှင်အတူလိုက်ပျော်ပေးချင်သည်။ သူဝမ်းနည်းလျှင်လိုက်ဝမ်းနည်းပေးသည်။လူသားချင်းအပြန်အလှန်အသက်ဝင်နေတဲ့ချစ်သူအမျိုးအစားကိုနှစ်သက်တာ..... အရိပ်လေးရဲ့......... ဒါတွေကို နှစ်သက်မြတ်နိုးတဲ့ကိုယ်အဖို့ကတော့...မင်းဘက်ကရင်ဖွင့်ကြိုနေလည်းဝင်ခွင့်မရှိသူကကိုယ်ပါ။မင်းလေးပေးတဲ့ အိမ်မက်ဆို....မက်ဖို့အသင့်ရှိပေမဲ့ မက်ခွင့်မရှိသူပါ။အဝေးဆုံးမှ.....အဝေးဆုံးသို့ ဝေးနေကြတယ်လေ....(အနေအထားအား လုံးပေါ့) သစ်ရွက်ကြွေတာတောင်လွမ်းတတ်သူမို့...ချစ်မိသူဆိုတာ..အမြဲစစ်ရှူံးတဲ့သူလိုပါဘဲ....နမ်းခွင့်မရပေမဲ့...လွမ်းခွင့်ရ ချင်သေးတယ်။ဒြပ်နှလုံးသားရဲ့နံရံသာဆို....ကိုယ်ဖြိုချင်ပါတယ်.....ယုံချင်မှယုံပါ....ဘာပဲဖြစ်ဖြစ်..မင်းလေးကို.......... “ချစ်တရ်“.....................

နတ်သမီးအတွက်ကဗျာ

မိုင်တွေမိုင်တွေ

ငါတို့ကြားမှာ

မိုင်တွေဝေးကြပေါ့ ခလေးရေ..။

ထိမ်းထိမ်းသိမ်းသိမ်းလေး

ငါ့မှာကြေကွဲနေရ

သိုသိုသိပ်သိပ်လေး

ငါ့မှာနာကျင်နေရ

တို့ တွေ ခြားနားခဲ့ကြတယ်။

အချစ်ဆိုတာလိုက်ရင်ပြေးတယ်

အချစ်ဆိုတာပြေးရင်လိုက်တယ်

ငါ့်ကိုချစ်လို့များ ထွက်ပြေးနေရော့။

လွမ်းနေတာတွေ ချရေးလိုက်ဖို့

ဒီကဗျာကို စတင်ခဲ့တယ်။

မင်းမဖတ်ပေမယ့်

ဒါကို ငါစပ်တယ်။

စောင့်မျှော်ခြင်းတွေသာ

မီးကျွမ်းလု

လည်ပင်းထိဝါးမျိုထားတဲ့အလွမ်းနဲ့

အအိပ်ပျက် ကျွံကျနေတဲ့မျက်တွင်းတစ်စုံနဲ့

ရောက်မလာတဲ့ရထားကို

ရပ်စောင့်မိတဲ့ သူရှုးတစ်ယေက်လို

နာရီတွေကိုအတိုင်းသား ငေးမောကြည့်နေရ။

ဟော့ဒီ့သတင်းခေတ်ကြီးထဲ

ငါတို့ဝေးနေကြတာအံ့သြစရာ။

တို့နှစ်ယောက်ကြားမှာမှ ကမ္ဘာကြီးကလာခြားနား

အရပ်ရှစ်မျက်နှာ

ဆက်သွယ်ရေးကွန်ယက်တွေကြား

အလွမ်းကို ဆိုမြည်တမ်းတလိုက်ဖို့

ဖုန်းနံပါတ်ကလေး တစ်ခုတစ်လေ

ဘာလို့ မရှိခဲ့တာလဲ။ ။

ပင်လယ်ဟောင်းရဲ့နောက်ဆုံးလွမ်းချင်း ( ၁ ) . . . တစ်ခါ တစ်ခါ လေနီကြမ်းတွေက အညာကို လွမ်းစရာပေ . . . ရှားစောင်းပြဿဒ် ထန်းပင်တွေ မတ်တပ်နဲ့ ဗီတာမင် ပြတ်နေတဲ့ ရွာတွေဟာ ခုချိန်ဆို တိမ်ညိုတွေကို မျှော်နေရာပေါ့ ။ " မိုးရွာရင်နော်ဗျာ ပျိုးတွေကိုလဲ ကျဲကြပြန်သေးတာ " အဲဒီသီချင်းထဲ ရွှေမိုးညို စိုစေချင်ပြီး ။ နေ၀င်ရိုးရီ ၀င်ရိုးသံ တစ်အီအီနဲ့ ရွာဆီပြန်လာတဲ့ လှည်းသံ ကျွန်တော့်ရင်ကို လာမှန်တဲ့ ပန်ချီကားပေါ့ . . . . ။ တစ်ချိန်က အဲဒီလို ကျေးလက်ကို ဖွဲဆိုသူလေ ကျေးလက်ရေ . . . ငါ့ကို ဘယ်လိုများဖွဲဆိုလေမလဲ . . . ။ ဒဏ်ရာတွေသာများပြီး မြှားချက်တွေ မတားဆီးနိုင်သူလို့ ဆိုချင်ဆိုပါလေ . . . . ။ မကျည်းရိပ် ညိုညိုမှာ ဧရာဝတီကို ချွေးသိပ်ဖို့ နှစ်မချို့သေးတဲ့ အိမ်မက်တွေနဲ့ အညာလွမ်းချင်း တစ်စ သီခဲ့ရပေါ့ . . . . . ။ ( ၂ ) . . . လေနီကြမ်းရေ . . . လွမ်းမဲ့ လွမ်းတော့လည်း ခေတ်တစ်ခေတ်လုံး တမ်းတမဆုံးသူ ရာဇ၀င်ကို ထမ်းပြီး ဝေဒနညတွေ လောင်ကျွမ်းခဲ့သူ ယုံကြည်ချက် တွင်းနက်ကြီးထဲမှာ ဘ၀ကို စီးဝင်ခဲ့သူ အိမ်မက်ကို ဖွင့်ပြီး အမာရွတ်တွေ ရွတ်လွင့်ဖို့ ထီးဟန် နန်းဟန်နဲ့ အကြီးမြန်တဲ့ မြို့ကို ပြန်ရမယ်ပေါ့ . . . ။ ကမ်းကနေ ခွါခဲ့တဲ့ ခရီးတစ်ခုပါ ဆယ်စုနှစ် တစ်ခု ကြာခဲ့ ( ဒါ့ထက် ကြာချင်လဲ ကြာမယ် ) ဘ၀တကွေ့လို့ ဆိုပေမဲ့ ခဏ မေ့သွားရင်တောင်မှ ထာဝရ တွေ့ခဲ့သူတွေကို အားနာရမှာ . . . ။ မှတ်မှတ်ရရ နေ့တွေမှာဆို ရင်ခုံသံအပို တစ်ခုနဲ့ ဘ၀ကို ထုဆစ်နေဖြစ်မှာ . . .။ တစ်ခါကဆိုတဲ့ ပင်လယ်မှာ စိတ်ကူးလေးတွေ ဆယ်ဖြစ်တိုင်း မျက်ရည်ဝိုင်းလာတတ်သူကို သူတို့ သိမှမဟုတ်ဘူး . . . ။ ရေရိုင်း မြေရိုင်းရဲ့ ပန်းရိုင်း အပွင့်တွေရေ . . . အပြန်ခက်သူရဲ့ အဆန်တက်မယ့် ခရီးမှာ ကျန်ရစ်ခဲ့သူလို့ နားလည် ပစ်ရတာလဲ ဝေဒနာ . . . ။ ခေတ်တစ်ခေတ်ရဲ့ အစွန့်ပစ်ခံတွေ မဟုတ်ကြဘူး . . ရာစုသစ်ရဲ့ ဗိသုကာတွေ ကာလကို ဘ၀နဲ့ ဆေးသားတင်ကြရင်း ဆိတ်ဖလူး လွင်ပြင်မှာ . . . ။ ယုံကြည်နေတုန်းပဲ လတ်လတ်ဆတ်ဆတ် သက်ရှိ ဒိုင်ယာရီတွေပါ အနာဂတ်မပါပဲ သွေးမခုန်ခဲ့ဘူးဆိုတာ ခင်ဗျားတို့ ကြုံခဲ့ဖူးမှာ မဟုတ်ဘူး . . . ။ ( ၃ ) . . . အိုလေနီကြမ်းရဲ့ တ၀ဲဝဲဖွဲ့ ခနောင်း ကြလဲတွေနဲ့ ခပ်ယဲ့ယဲ့ ဖြတ်သန်းခြင်း နေ့နေ့ ညည မှာ " ဘယ်တော့များမှ " တွေ တဖွဲ့ဖွဲ့ ကြွေခဲ့ပေါ့ . . . ။ ငွေနှင်းဝေတဲ့ တစ်မနက်ခင်းမှာ မိတ်ဆွေတစ်ယောက်က နောက်တယ် သိက္ခာထပ်ကြသူတွေနဲ့ ၀ါဆိုခဲ့ဖူးသူတို့ အတွက် ကောင်းကင်ရဲ့ ဈာပနဟာ တယ်ပြီး စည်းကားလှပါလားတဲ့ . . . ။ ပေါ့ပေါ့ပါးပါးပဲ ပြောရရင် အင်းစိန်တောရနဲ့ မင်းကြီးညို မွေတဲ့ အရပ်မှာ ကျနော် ၀ါဆို ခဲ့ဖူးသူပါ . . . ။ အက်ဒ၀ပ်မန့်ခ်ျ ရဲ့ " အော်သံ " ထက်ပြင်းထန်တဲ့ လှိုင်းတွေ နံရံမှာ အကြိမ်ကြိမ် ရိုက်ခတ်နေတာ ကျွန်တော် ကြားခဲ့ဖူးတယ် . . . အဲဒီလို ကျိမ်စာတွေနဲ့ ကျွန်တော် ဖျားနာခဲ့ဖူးတယ် . . . ။ နာမကျန်းတဲ့ နှင်းဆီတို့ရေ တောင်ပံ အစုံစုံရဲ့ ရွှေရောင်လွှမ်းတဲ့ အရပ်မှာ ကျွန်တော်ဟာ ဖြတ်သွားဖြတ်လာမျှသာ . . . ။ ဝေးဝေးကွာကွာ နီးကပ်သူများနဲ့ နီးနီးကပ်ကပ် ဝေးကွာ သူတို့ကြားမှာ အမှားပြင်ဆင်ချက် ခပ်များများနဲ့ မှင်နီ ခဏခဏ တားခံရသူ . . . ။ တဘ၀လုံး ပေးသွားသူတွေနဲ့ တဘ၀စာ ရရှိသွားသူတွေရဲ့ လမ်းဆုံတစ်ခု ကို ရုပ်ရှင်တစ်ခုလို ထိုင်ကြည့်ခဲ့သူ . . . ။ အဲဒီလိုလူရဲ့ အပြန်လမ်းဟာ တငွေ့ငွေ့ ခမ်းသွားတဲ့ မှတ်တမ်းတစ်ခုလို ငြီးငွေ့ဖွယ် ဇတ်ဝင်ခန်း ဖြစ်ချင်ဖြစ်နေမှာပေါ့ . . . ။ ရာဇ၀င်သစ်ကို ရေးလိုသူတွေရဲ့ ချောင်ကျကျ စားပွဲမှာ ကျွန်တော့်ကို လာရှာရင် မျက်နှာများတဲ့ သိုးမည်းတစ်ကောင်အဖြစ် ကြယ်တွေကို ချစ်နေတာ တွေ့ရလိမ့်မယ် . . . ။ ( ၄ ) . . . အခုဆို လေနီကြမ်းရေ သမုဒယတွေ ပိုးထိုးခံရတဲ့ အမေရဲ့ ဒုက္ခအိုးလေး ကိုယ်နိုင်သမျှကို ထမ်းပြီး ကိုယ့်လမ်းကို ဆန်ရဦးမယ် . . . ။ ဘာသာပြန်ရခက်သူ အဖြစ် လောကကြီးရေ ကြိုနှင့်ပေတော့ . . . ။ ညီအကို မသိတသိ ကောင်းကင်ရဲ့ ကြိုးညှိခံထားရတဲ့ ရာသီမှာ ငါ့ကို လက်ကျန် စာရွတ်တစ်ရွတ် အဖြစ် ဆုတ်ဖြဲပစ်လိုက်ပါ . . . ။ ဈေးတွက် တွက်နေတဲ့ ယဉ်ကျေးမှု ဈေးကွက်ကြီးထဲမှာ ဖောင်ဖျက်ခဲ့သူတို့ ဦးညွတ်ပါရစေ . . ။ ဗိုင်းငင်ဖို့ရာ လသာမှ တဲ့လား . . . ။ မိုးခါးရေ သောက်ပြီး အမောက်ထောင်ကြသူတွေ နန်းတက်လေမလား ငြမ်းဖျက်လေမလား ကမ်းလက်တွေရဲ့ မှာခြွေစကားကို မနက်ဖြန်အထိ အထားခံရင် တော်လှပြီးပေါ့ . . . ။ ခပ်လွမ်းလွမ်း ရှိခဲ့ရင် လွင်ပြင်တွေ ဆိပ်ကမ်းတွေ ချိုင့်ဝှမ်းတွေ ( ပန်းခြံတွေလည်း ဖြစ်ချင်ဖြစ်မယ် ) မြို့ကြီးရဲ့ မြူဆွယ်တာ ခံလိုက်ရတဲ့ လမ်းမတွေ အဟောင်းပုံထဲက အဖိုးတန်တဲ့ လက်ခုပ်သံတွေ ကော်ဖီဆိုင်ထဲ နစ်နေတဲ့ ရွှေဖြစ် ငွေဖြစ် အသံတွေကြားမှာ အမည်မသိတဲ့ ပီတိလေးများ ရှိလေမလားလို့ မြွေစွယ်ကျိုး စိတ်မျိုးနဲ့ တောတိုးကြည့်မယ် . . . ။
ကဗျာကမ်းနဖူးမှာ ယဉ်ယဉ်လေးရှုးနေတဲ့ အလွမ်းရှုး အမြဲရွဲ့နေတဲ့ကောင် ဘယ်သူ့စကားမှလည်း နားမထောင်ချင်ဘူး.. အမြဲစောင်းနေတဲ့ကောင် ဘယ်သူအချိုးချချ ကိုယ်က တည့်တည့်နေမပြချင်ဘူး… ဘယ်ခွက်ထဲထည့်ထည့် ကိုယ့်ပုံစံကလွဲပြီး ဘယ်ပုံစံမှမထွက်ဘူး ဘယ်ပေတံနဲ့တိုင်းတိုင်း ကိုယ်က ခပ်ရိုင်းရိုင်းပဲ ယဉ်ကျေးတတ်တယ်…. အရာရာကို အကောင်းမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက် နဲနဲတော့ ခက်နေသေးတယ် တချို့အရာတွေကို အဆိုးမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက် နဲနဲတော့ လွယ်ကူခဲ့တယ်…. ဘယ်သူသဘောတူတူ မတူတူ ကိုယ့်အယူနဲ့ကိုယ် ကွဲလွဲစွာနေထိုင်တယ် လွဲမှားတယ်ပဲပြောပြော ကိုယ့်သဘောနဲ့ကိုယ် ဘဝကို ဂျစ်ပစီတကောင်လိုကျင့်ခဲ့ပြီး စိတ်တွေကို ဂျစ်ပစီတကောင်လိုလွှင့်ခဲ့တယ်…. ဟန်ဆောင်နေရမှ အချိုးလှနေတတ်တဲ့ လူ့အသိုင်းအဝိုင်းထဲမှာ ကိုယ်က အရိုင်းကျောက်ခဲတလုံး ဘယ်သူသုံးသုံး မသုံးသုံး ကိုယ့်နှလုံးနဲ့ကိုယ် ကိုယ့်ထုံးကိုယ်မူတယ်…. လူရယ်လို့ဖြစ်လာကတည်းက ကိုယ်က အားနည်းတဲ့ဘက်မှာ နေသားကျခဲ့တယ် လက်ဖဝါးနှစ်ဖက်နဲ့ ရုံပွဲမကြည့်တတ်ပေမယ့် နှလုံးသားတစုံနဲ့တော့ အားနည်းသူကို ဝိုင်းကူရင်ခုန်ပေးတတ်ခဲ့ပါတယ်… ဘာရယ်မဟုတ်ပါဘူး လူတိုင်းသုံးဖူးတဲ့ လက်သုံးစကား လူတိုင်းလည်း ကြားဖူးမှာပေါ့ လူတိုင်း တယောက်တနေရာ သူ့အထာနဲ့သူ ရူးသွပ်နေကြတယ်ဆိုတာ….... ဒီတော့ ကိုယ်လည်း ကိုယ့်ရုးသွပ်မှုနဲ့ကိုယ် ကိုယ့်မာနအိုအိုတွေအပေါ် တွဲခိုနေပျော်ရုံလောက်ပါ တချို့တဏှာရူး တချို့အချစ်ရူး တချို့အာဏာရူး တချို့ဥစ္စာရူး တချို့ဘဝင်ရူး တချို့….ရူး တဒေါင့်တနေရာစီရူးနေကြတဲ့ အရူးလောကမှာ ကိုယ်က တမျိုးတဘာသာ ခပ်ဆန်းဆန်း ကိုယ့်အမြင်ခပ်ကြမ်းကြမ်းတွေပေါ်မှာ တစုံတရာကို ယဉ်ယဉ်လေး လွမ်းနေတတ်တဲ့ကောင် ကဗျာကမ်းနဖူးမှာ တောင်တောင်မြောက်မြောက်တွေးရင်း ယဉ်ယဉ်လေးရူးနေတဲ့ အလွမ်းရူး…………………………….။