Saturday, May 8, 2010

လမ်းခွဲမှတ်တမ်း

လမ်းခွဲမှတ်တမ်း

ရင်ထဲက ချစ်ခြင်း တွေကို ဖွင့်ပြောဖို့ ငါ့မှာအင်အားမရှိခဲ့ဘူး။
ငါဟာဘာဆိုဘာမှမရှိတဲ့ကောင်ပါ။
မင်းကတော့ ငွေမုန့်စာပြီးမွေးခဲ့တဲ့ငွေ မင်းသမီးလေးပါ။
ဒါပေမယ့်ချစ်မိတဲ့  မင်းကိုပိုင်ခွင့်ရအောင်ကြိုးစား ခဲ့တာ ငါမှားလား။
မင်းကလွဲပြီး ဘယ်သူကိုမှမချစ်ခဲ့ဘူး လို့မညာချင်ပါဘူး။
မင်းအရင် ချစ်သူတွေလည်းရှိခဲ့ပါတယ်။
ဒါပေမယ့်မင်းလောက်တော့ ရင်မခုန်ခဲ့ဘူး။
မြင်မြင်ချင်း ချစ်မိတဲ့မင်း ကို ငါ့ရင်ထဲကဖျောက်လို့မရတော့ဘူး။
မင်းမိဘအသိုင်းအ၀ိုင်းကြားမှာ ငါဟာ သုံးမရတဲ့ကောင်လို ဖြစ်ပြီး 
ဘာမဟုတ်တဲ့ ဗိုလ်တစ်ကောင်က အသုံးဝင်နေတယ်။
သူကငါ့လောက်မင်းကိုမချစ်မှန်းလည်း မင်း လည်းသိပါတယ်။
ဒါပေမယ့် မင်းသူ့ကို ဘာလို့ရွေးချယ်တယ်ဆိုတာတော့ ငါမသိဘူး။
မင်းမိဘတွေက ငါ့ကိုငြင်းပယ်တာ ဘာကြောင့် လဲမသိဘူး။
ဗိုလ်တစ်ကောင်က ဘာ အသုံးဝင်မှာမို့လဲ။
သူက တာဝန်လောက်တောင် မင်းကိုတန်ဖိုးထားမှာမဟုတ်သလို
သူရတဲ့ အောက်ဆိုဒ်လောက်တန်ဖိုးမထားပါဘူးကွာ။
သူက တာဝန်ထက်အောက်ဆိုဒ်ကို ပိုခင်တွယ်တယ်။
မင်းထက်တာဝန်ကိုပိုခင်တွယ်တယ်။
ငါတော့သူနဲ့ မတူဘူး။
အရာအားလုံးထက်မင်း ကိုပိုချစ်တယ်။
မင်းငါ့ကို ပြန်မချစ်ခဲ့ပေမယ့် မင်းကိုစကားတစ်ခွန်း ပြောလိုက်ချင်တယ်။
 ရင်ခွင်မှာ ဒဏ်ရာ တစ်ခုရခဲ့ရင် ငါဆီကိုလာခဲ့ပါ။
ရင်နာနာနဲ့       ငါ့ ကုစားပေးပါ့မယ်။
                                                 မျိုးချစ်ကို

No comments: