Saturday, May 8, 2010

အဲ့ဒီ့နေ့က

အဲဒီ့နေ့ က
ကြယ်တွေမစုံဘဲ
ရင်မှာနက္ခတ်တွေလင်းတယ်.
အဲဒီ့နေ့ က
ပစ်မှတ်လွဲနေကျ cupidတစ်ကောင်
ရှေ့ တည့်တည့်မှာလာပြီး လက်သရမ်းတယ်.
အဲဒီ့နေ့ က
ကမ္ဗည်းထိုးဖို
ငါ့ရင်ကို ဆောက်နဲ့ ထွင်းကြတယ်.
အဲဒီ့နေ့ က
လွှင့်ပစ်ထားတဲ့ပန်းသီးတစ်လုံး
ငါ့အတွေးမှာ လတ်ဆတ်နေတယ်.
အဲဒီ့နေ့ က
ဆုံးရှုံးလိုက်ရတာတွေမေ့ပစ်ရင်း
ရှိခဲ့ဖူးတာတွေကို ထုတ်ထုတ်ကြွားတယ်.
အဲဒီ့နေ့ က
သတိမရချင်ဟန်ဆောင်ရင်း
အဲဒီ့နေ့ ကို ငါခိုးခိုးလွမ်းနေတယ်.ကြယ်တွေခစားရတဲ့ လမင်းကြီးလို
င့ါဘ၀မမြင့်မြတ်ချင်ပါဘူး။
လမိုက်ညကောင်းကင်က
ကြယ်မှုန်လေးဆိုတော်ပါပြီ။
အလျှံညီးတဲ့နေမင်းကြီးလို
ငါ့ဘ၀မတောက်ပချင်ပါဘူး။
အလင်းရောင်ပေးနိုင်တဲ့
ပိုးစုန်းကြူးလေးဆိုကျေနပ်ပါပြီ။
တစ်လောကလုံးရဲ့အကောင်းဆုံးတွေကို
မလိုချင်မတပ်မက်ပါဘူး။
ငါ့ဘ၀ကိုနွေးထွေးစေနိုင်တဲ့
မင်းရင်ခွင်မှာခိုလှူံခွင့်ရရင် နှစ်သိမ့်နိုင်ပါပြီ။
                                               ချစ်ငယ်
                              

No comments: