အသက်နဲ့ ရင်းရတဲ့ လွတ်လပ်ခြင်းဆိုတဲ့ဂုဏ်
ဒီမိုကရေစီအရေးတော်ပုံမှာ
ကိုယ်ရဲ့အသက်ကိုမငဲ့ နိုင်ပေမယ့်
မြန်မာပြည်သူတွေကိုရင်ခွင်ပိုက်ပြီး
ခေါင်းမငိုက်ဦးမညွတ်
ကိုယ်ကျိုးစွန့်လွတ် တဲ့ခွပ်ဒေါင်းဇာနည်
ဒီမိုကရေစီတိုက်ပွဲဝင်သူတွေရဲ့
တည်ကြည်ရဲရင့်မြင့်မြတ်တဲ့ဂုဏ်ပုဒ်ဟာ
ကမ္ဘာမြေတုန်လောက်ပါတယ်။
အာဇာနည်စိတ်ဓာတ်ကို
မှတ်ကျောက်တင်စမ်းသပ်လိုက်တဲ့
ယုတ်မာသူလူတစ်စုရဲ့ ၊ နှိ ပ်စက်ကာညှ င်းပန်း။
သတ်ဖြတ်ကာရက်စက်ပေမဲ့
နောက်မဆုတ်ဇွဲမာန်ထောင်
တစ်ချိန်မှာ ဧကန်အောင်ရမယ်လို့ 
မြန်ပြည်သူချမ်းသာကြောင်းပေမို့ 
လှေ ခွက်ချည်းကျန်အလံမလဲပါဘူး
တိုက်ပွဲဝင်ပန်းတိုင် ဒီမိုကရေစီမဏ္ဍိုင်ကို
အနိုင်ရအောင်တိုက်မယ်လို့ 
မျိုးချစ်ဇာနည်ဖြူတွေကို
တို့ ပြည်သူတွေ နှလုံးသားမှာ
သမိုင်းမှတ်တမ်းဝင် ကမ္မည်းထိုးတင်ထားပါရဲ့
ကမ္ဘာရှ ည်သရွေ့တည်နေမယ်
No comments:
Post a Comment