Friday, March 5, 2010

မြတ်နိုးသူရဲ့ဆန္ဒ

အေးခဲနေတဲ့ ငါ့နှလုံးသားဟာ
မင်းနဲ့တွေ့မှ မီးတောင်တစ်လုံးလို
ပေါက်ကွဲခဲ့ရပါပြီ . . .

ညှို့ယူတတ်တဲ့
မင်းမျက်ဝန်းတစ်စုံကို
သိလျှက်နဲ့ ရှောင်ဖို့ မကြိုးစားမိတာ
မင်းကိုချစ်နေမိလို့ပါ . . .

အချစ်ဆိုတာ အဆန်းသားနော်
မျက်နှာများတယ် လှည့်စားတတ်တယ် ဆိုတဲ့
မိန်းကလေး တစ်ယောက်ကို
ရူးသွပ်စွာ စွဲလန်းမိနေတဲ့
ငါ့နှလုံးသားကို ငါကိုယ်တိုင်
အံ့သြမိပါတယ် . . .

တစ်ချိန်က
မာနကြီးတတ် ရက်စက်တတ်တဲ့
ငါ့နှလုံးသားဟာ အခု
မင်းရှေ့မှာ ဒူးထောက်နေရပြီ
မိန်းကလေးရယ် . . .

မျှော်လင့်ခြင်း များစွာနဲ့
ချစ်နေရသူ တစ်ယောက်ရဲ့
နှလုံးသားကို
မာယာတစ်စက်နဲ့ အဆိပ်မခတ်လိုက်ပါနဲ့ . . .

မဖြစ်နိုင်မှန်း သိလျှက်နဲ့
ရူးရူးမိုက်မိုက် တမ်းတနေမိမှန်း
ငါ့ကိုငါ သိပါတယ် . . .

အချစ်နဲ့ အသက်ဆက်နေရသူမို့
မျှော်လင့်ချက်တွေနဲ့ အတူ
ငါ့ရဲ့အချစ်ကမ္ဘာ လေးကို
ရှင်သန်ခွင့်ပေးပါ . . .

ငါ့ရဲ့နှလုံးသား တံတားလေးပေါ်မှာ
မင်းရဲ့ ကြင်နာမှုတွေကို
နွေးထွေးစွာ ထွေးပိုက်ပါရစေ . . .

တစ်ဦးနဲ့ တစ်ဦး
အသဲချင်း ဖလှယ်လို့
ချစ်စကားလှလှလေးတွေ ဒို့အတွက်
ရွေးချယ်ပေးနိုင်ပါစေ . . .

နင်မရှိရင် . . .



ကောင်မလေးရေ . . .
နင်ဟာ ငါ့ရဲ့
အထူးထုတ် စာအုပ်လေးပေါ့ . . .
နင်မရှိရင်
ငါလုပ်သမျှ အရာရာဟာ မှားယွင်းနေလိမ့်မယ် . . .

ကောင်မလေးရေ . . .
နင်ဟာငါ့ရဲ့
မိုက်ခရို ကော်ပီလေးပေါ့ . . .
နင်မရှိရင်
ငါကျရှုံး ရလိမ့်မယ် . . .

ကောင်မလေးရေ . . .
နင်ဟာ ငါ့ရဲ့
အရိုက်ကြမ်းတဲ့ ဆရာမလေးပေါ့ . . .
နင် စိတ်ဆိုးမှာ မုန်းမှာ
ငါ အရမ်း ကြောက်တယ် . . .

မျှော်လင့်ခွင့် . .



အရိုင်းပန်းလေးရယ် . . .

မေတ္တာတရားတွေနဲ့ သစ္စာထားချစ်တယ်ဆိုတာ
မင်းနဲ့ဝေးမှ ပိုလွမ်းမိတဲ့
ငါ့နှလုံးသားရဲ့ ဆန္ဒအမှန်ပါ
မင်းရဲ့ မဟူရာမျက်လုံးလေးနဲ့
သူဇာကညာ အပြုံးလေးတွေဟာ
ဒို့ဘ၀ မျှော်လင့်ချက် တွေရဲ့
ရှင်သန်မှု လေးတွေပါကွယ် . . .

လှိုင်းထန်တဲ့ သောင်စပ်မှာ
ပျိုမြစ်နုနယ် အရာမထင်သေးတဲ့
ငါ့နှလုံးသားကို အတောက်ပဆုံး
မျှော်လင့်အိမ်မက် အတွက်
ရှင်သန်ခွင့် ပေးပါလားကွယ် . . .

ချစ်သူကိုတမ်းတချင်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL9M_HteQF2hKnUZxVY6ZKD-4rspYelrKrDm_i-1c4vWvSWNcO725VFKfgzWDjn5yuN0hMX_c_3d0DG1XXgw-Ozo1UNfI8qmeJYHCWK3ZEJ1J1ASnWIi_KEDOqfzEuDTSpO1c5VHyf5ck/s320/chit+thu+tan+chin700.jpg